ဧရာဝတီတိုင်းမ်
မတ်လ ၂၈ ရက်

အမျိုးသမီးတစ်ဉီးက အမေရိကန်နိုင်ငံတောင်ပိုင်း တင်နက်ဆီပြည်နယ် နက်ရှ်ဗီးမြို့ရှိ မူကြိုကျောင်းတစ် ကျောင်းကို သေနတ်နဲ့ ပစ်ခတ်ပြီး တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဉီး အပါအဝင် လူခြောက်ဉီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရိုင်ဖယ်နှစ်လက်၊ လက်လုပ်သေနတ်တစ်လက် ကိုင်ဆောင်ထားတဲ့ အသက် ၂၈ နှစ်အရွယ် အဆိုပါ အမျိုး သမီးက မနေ့က မနက်ပိုင်းမှာ စာသင်ကျောင်းကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သေနတ်နဲ့တိုက်ခိုက်သူ အမျိုးသမီးဟာ ဒေသခံတစ်ဉီးဖြစ်သလို အဆိုပါကျောင်းမှ ကျောင်းသူဟောင်း တစ်ဉီးလည်း ဖြစ်တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့က အမျိုးသမီးကို အခင်းဖြစ်ရာနေရာမှာ ပစ်သတ်ခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။

ပစ်ခတ်မှုဖြစ်ရာ မူကြိုကျောင်းဟာ နက်ရှ်ဗီးမြို့တောင်ဘက် ၉ ကီလိုမီတာခန့်အကွာ လူနေဧရိယာတစ်ခု မှာ တည်ရှိပါတယ်။

အဆိုပါစာသင်ကျောင်းမှာ မူကြိုအဆင့်မှ ဆဌမတန်းအထိ ကျောင်းသူ/ကျောင်းသား ၂၀၀ ခန့်ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

“သေနတ်အသုံးပြုပြီး အကြမ်းဖက်မှုတွေ မြင့်တက်လာတာကြောင့် စာသင်ကျောင်းတွေကို ကာကွယ်ပေး ဖို့ ကျွန်တော်တို့ ပိုမိုလုပ်ဆောင်ရတော့မှာဖြစ်ပါတယ်” လို့ အိမ်ဖြူတော် အခမ်းအနားတစ်ခုမှာ သမ္မတ ဂျိုးဘိုင်ဒင် က ပြောပါတယ်။

ကိုးကား – NHK
Ref; Woman opens fire at US elementary school, killing 6