ဧရာဝတီတိုင်းမ်
မတ်လ ၂၈ ရက်
ဂျာမနီအစိုးရက ယူကရိန်းသို့ Leopard 2 တိုက်ပွဲဝင်တင့်ကား ၁၈ စင်း ပေးပို့လိုက်ပြီလို့ ဂျာမနီ အပတ် စဉ်ထုတ်ဂျာနယ် Der Spiegel က ဖော်ပြပါတယ်။
ဂျာမနီအစိုးရက ပြီးခဲ့တဲ့သီတင်းပတ်အကုန်မှာ နယ်စပ်၌ Leopard 2 တိုက်ပွဲဝင်တင့်ကားတွေကို ယူက ရိန်းကိုယ်စားလှယ်တွေထံ လွှဲပြောင်းပေးအပ်ခဲ့တာလို့ Der Spiegel က ဆိုပါတယ်။
ဒါ့အပြင် ယူကရိန်းနိုင်ငံက ခြေလျင်တပ်ဖွဲ့သုံး တိုက်ခိုက်ရေးယာဉ် Marder အစင်း ၄၀ ခန့် လက်ခံရရှိခဲ့ တယ်လို့ သိရပါတယ်။
လနဲ့ချီ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ယူကရိန်းသို့ Leopard 2 တိုက်ပွဲဝင်တင့်ကားတွေ လွှဲပြောင်း ပေးမယ့် အစီအစဉ်တွေကို ဂျာမနီအဓိပတိ အိုလက်ဖ်ရှိူးက ဇန်နဝါရီလအတွင်း ကြေညာခဲ့ပါတယ်။
ပထမအဆင့်အနေနဲ့ ဂျာမနီနိုင်ငံက ယူကရိန်းသို့ Leopard 2 A6 တင့်ကား ၁၄ စင်း ပေးပို့သွားမယ်လို့ အိုလက်ဖ်ရှိူးက ဆိုပါတယ်။
ဂျာမနီနိုင်ငံပေးတဲ့ စစ်ရေးအကူအညီထဲမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးတာ၊ ထောက်ပံ့ပို့ ဆောင်ရေး၊ ခဲယမ်းမီးကျောက်နဲ့ လက်နက်စနစ်ထိန်းသိမ်းရေးလည်း ပါဝင်ပါတယ်။
အစီအစဉ်အရ ဂျာမနီက ယူကရိန်းသို့ Leopard 2 A6 တင့်ကားလေးစင်း ထောက်ပံ့မှာဖြစ်လို့ စုစုပေါင်း ပေးပို့တဲ့ တင့်ကားအရေအတွက်က ၁၈ စင်းအထိ ရှိလာခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲဝင်တင့်ကားတွေ ထောက်ပံ့ပေးဖို့ ယူကရိန်းဝန်ကြီးချုပ် ဒင်းနစ်ရှမီဂဲလ်က ဂျာမနီနိုင်ငံသို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၄ ရက်မှာ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ကိုးကား – UAWIRE
Ref; Germany delivers 18 Leopard 2 tanks to Ukraine