ဧရာ၀တီတိုင်းမ်
မတ်လ ၂၈ ရက်
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နှင့် ၁၂ မိုင်အကွာနေရာကို ဗဟိုပြု၍ ယနေ့ (မတ်လ ၂၈ ရက်) နေ့လယ် ၁ နာရီ ၂၂ မိနစ်၊ ၂၄ စက္ကန့်အချိန်တွင် အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း နေပြည်တော်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
မှော်ဘီမြို့ ၏အနောက်မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြု၍ မြေအောက်အနက် ၁၅ ကီလိုမီတာတွင် အင်အား ရစ်(ခ်)တာစကေး ၃ ဒဿမ ၇ အဆင့်ရှိငလျင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများအပြား ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း သိရသည်။
“ငလျင်လှုပ်တာ သိလိုက်တယ်။ အိမ်က ယိမ်းပြီးလှုပ်ခါသွားတယ်။ ပြူတင်းပေါက်တွေ၊ တံခါးတွေပါ ခါယမ်းသွားတာ”ဟု ရန်ကုန်မြို့တွင်းနေထိုင်သူ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဓာတ်ပုံ – မိုး/ဇလ