ဧရာဝတီတိုင်းမ်
မတ်လ ၂၈ ရက်
အမျိုးသမီး ၇၀ နဲ့ ကလေးငယ် ၂၀ အပါအဝင် ရိုဟင်ဂျာ ၁၈၄ ဉီး မနေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည် နယ်ရှိ ကမ်းခြေကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
ဒီရိုဟင်ဂျာဒုက္ခသည်တွေဟာ စစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုကို နှစ်နဲ့ချီ ကြုံတွေ့နေရတဲ့ မြန်မာနဲ့ ဒုက္ခ သည်စခန်းတွေမှာ နေထိုင်ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ အန္တရာယ်များတဲ့ ရေကြောင်းခရီးကို ဖြတ်သန်းလာတဲ့ သူတွေ ဖြစ်ပါတယ်။
မနေ့က မနက်ပိုင်းမှာ အာချေးပြည်နယ်အရှေ့ပိုင်း မာတန်ပီလာဝီကျေးရွာရှိ ကမ်းခြေကို ရိုဟင်ဂျာတွေ ဆိုက်ရောက်လာခဲ့ပြီး ဝတ်ပြုဘုရားကျောင်းတစ်ခုမှာ ယာယီ နေရာချထားတယ်လို့ ဒေသခံ ညှိနှိုင်းရေးမှူးတစ်ဉီး က ပြောပါတယ်။
“ရိုဟင်ဂျာတွေကို ထားရှိဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပါတယ်” လို့ အဆိုပါ ညှိနှိုင်းရေးမှူး က ဆက်ပြောပါတယ်။
ရိုဟင်ဂျာတွေက စက်လှေတစ်စင်း သို့မဟုတ် စက်လှေအများအပြားနဲ့ ရောက်ရှိလာတာ ဟုတ် မဟုတ်နဲ့ မြန်မာ သို့မဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရောက်ရှိလာတာ ဟုတ် မဟုတ်ကို အာဏာပိုင်တွေက အတည်မပြုခဲ့ ပေ။
၂၀၂၂ ခုနှစ်အတွင်း ရိုဟင်ဂျာ ၃၅၀၀ ခန့်ဟာ ကပ္ပလီပင်လယ် သို့မဟုတ် ဘင်္းလားပင်လယ်အော်ရှိ အန္တရာယ်များသော ရေလမ်းကြောင်းတွေမှတစ်ဆင့် အခြားတိုင်းပြည်တွေကို သွားရောက်ခဲ့ရာ ခရီးတစ်လျောက် ၃၄၈ ဉီး သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) က ပြောပါတယ်။
၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ရိုဟင်ဂျာ ၇၂၀၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပါတယ်။
မြန်မာနိုင်ငံဟာလည်း နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ လူမျိုး သုဉ်းသတ်ဖြတ်မှု စွဲချက်တွေ ရင်ဆိုင်နေရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပြွတ်သိပ်ကျပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဟာ မလေးရှား သို့မဟုတ် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ဖို့ တစ်ဉီးလျင် ဒေါ်လာ ၁၅၀၀ မှ ၂၅၀၀ ကြား ပေးရ တယ်လို့ သိရပါတယ်။
ကိုးကား – La Prensa Latina
Ref; Over 180 Rohingya refugees land in Indonesia