ဧရာဝတီတိုင်းမ်
မတ်လ ၂၇ ရက်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ မသေကျေးရွာအုပ်စု၊ ဝါးကျွန်းကျေးရွာတွင်းရှိ ပြည်သူ့စစ်အဖွဲ့ကို ဒီကနေ့ မတ်လ ၂၇ ရက်နေ့ ၂ နာရီဝန်းကျင်တွင် ကော့သောင်း၊ဘုတ်ပြင်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်းသိရသည်။

အဆိုပါ ဝါးကျွန်းကျေးရွာတွင်ရှိ ပြည်သူ့စစ်အဖွဲ့များထံက လက်နက်များမှာ AK 47 (4) လက်၊ AK ကျည်ဘောက် (၅)ခု၊ M 16 တစ်လက်၊ M16 ကျည်ဘောက် (၁၁)ခု၊ လက်ပစ်ဗုံး( ၄ )လုံး၊ M16 ကျည် (၁၇၀) တောင့် ၊ AK 47 ကျည် (၃၅၅) တောင့် ၊ ထိုင်ဖုန်း( ၁) လုံး၊ စမတ်ဖုန်း (၁)လုံး၊ Equiment (၁)စုံ ၊ လက်ထိပ် (၂)စုံ၊ ဓားရှည် (၂)ချောင်း ၊ ဓာတ်မီးတစ်လုံး တို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံကသိရသည်။

“၇၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် ကျွန်​တော်တို့ လုပ်ဆောင်ခဲ့တာပါ။ ကျေးရွာအုပ်စု ဒီကောင်တွေက ကျွန်းပေါ်မှာ အနိုင်ကျင့်နေတဲ့ ကောင်တွေဖြစ်ပြီး စစ်ကောင်စီရဲ့လက်ပါးစေတွေဖြစ်တာကြောင့် ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့ကို ရှင်းလင်းသုတ်သင်ပြီး လက်နက်များသိမ်းခဲ့တာဖြစ်ပါတယ်” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။

ထို စစ်ဆင်းရေးကို ဘုတ်ပြင်းမြို့နယ်ကာကွယ်ရေးအဖွဲ့ နှင့် ကော့သောင်းမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်​ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ဒါ့ပြင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ လက်နက်နှင့် ပစ္စည်းများ သိမ်းဆည်းပြီးနောက် အောင်မြင်စွာပြန်လည် ဆုတ်ခွာခဲ့နိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ဓာတ်ပုံ-တနင်္သာရီစစ်ဒေသခွဲ- ကွပ်ကဲရေးအဖွဲ့ပြန်ကြားရေး