ဧရာဝတီတိုင်းမ်
မတ်လ ၂၇ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ မတ်လ ၂၆ ရက်နေ့က ဒေသခံပြည်သူ ၂၀ ကျော်ကို စစ်ကောင်စီတပ်က PDF တွေနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတွေအပါဝင် CDM ပြုလုပ်ထားတဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီတပ်၊ ရဲနဲ့ သတင်းပေးတွေ ပေါင်းပြီး မြို့ပေါ်မှာရော ရွာဘက်တွေမှာပါ ဧည့်စာရင်းဝင်စစ်ပြီး ဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ အကြောင်းမဲ့လိုက်ဖမ်းနေတာ၊ ခုဟာ ပြည်သူတွေကို စွပ်စွဲဖမ်းဆီးနေတာ၊ သေချာတယ်ဆိုရင် အဲ့လောက် စွဲစရာမလိုဘူးလေ၊ ခုမ တစ်ရက်ထဲမှာတင် ၂၀ ကျော်အဖမ်းခံလိုက်ရတယ်”လို့ အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲမှာ နိုင်ငံရေးမလုပ်တဲ့ ဒေသခံပြည်သူတွေပါဝင်သလို စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း CDM ပြုလုပ်လာတဲ့ ဝန်ထမ်းတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ သတင်းပေးတွေနဲ့ပေါင်းပြီး စစ်ကောင်စီ သတင်းပေးတွေ တိုင်တန်းတဲ့သူတွေကို ဖမ်းဆီးပြီး ငွေတောင်းတာမျိုးတွေလည်း မကြာခဏဆိုသလို ပြုလုပ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။