ဧရာဝတီတိုင်းမ်
(မတူပီ)၊ မတ် ၂၇ ရက်
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်သို့ ကျေးရွာဘက်မှ ဆန်လာရောင်းသူများထံ စစ်ကောင်စီတပ်က မြို့အဝင်/အထွက်တွင် ဆက်ကြေးကောက်ခံနေကြောင်းဒေသခံပြည်သူများထံမှ သိရသည်။
ပြည်မဘက်မှ ကုန်စည်စီးဆင်းမှု ၃ လခန့်ပြတ် တောက်နေပြီး မတူပီမြို့တွင် ဆန်ပြတ်လပ်မှုကြုံတွေ့နေရကာ ကျေးရွာဘက်မှ မြို့ပေါ်သို့ ဒေသထွက်ဆန်ကိုလာရောင်းသည့်အခါ ဒေသခံပြည်သူများက အဓိကဝယ်ယူနေကြကြောင်းသိရသည်။
“မြို့ပေါ်မှာ ဆန်ပြတ်လပ်နေတာ ၃ လနီးပါးရှိပြီ။ တစ်ချို့ပြည်သူတွေက ပိုက်ဆံတော့ရှိတယ်။ ဒါပေမယ့် မြို့ပေါ်မှာ ဆန်ဝယ်ဖို့ မရှိတော့ ကျေးရွာဘက်ကနေ ဆန်လာရောင်းကြတယ်။ ဒါတောင် တစ်ခါတရံမှ လာရောင်းကြတာပါ။ မြို့ပေါ်ကို ဆန် ၂ အိတ်လာရောင်းရင် ၁ အိတ်ကို မြို့အဝင်/အထွက်မှာ တပ်စခန်းချထားတဲ့ စစ်ကောင်စီတပ်က သိမ်းလိုက်တယ်´´လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
အလားတူ ပြည်မဘက်မှ မတူပီမြို့ထဲသို့ ရံဖန်ရံခါဝင်ရောက်လာသော ကုန်စည်များကို စစ်ကောင်စီတပ်က မြို့အဝင်/အထွက်တွင် ပြည်မဈေးအတိုင်းအကုန်သိမ်းယူနေပြီး ဒေသခံကုန်သည်များလည်း အရှုံးပေါ်နေကြောင်းသိရသည်။
မတူပီမြို့တွင် ဖုန်းလည်းများပြတ်တောက်မှုကြောင့် မြို့ပေါ်ရှိ ကြိုဖုန်း ၄ လုံကို ဒေသခံပြည်သူများက အဓိကအသုံးပြုနေပြီး အဆိုပါ ကြိုးဖုန်းကိုလည်း ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့မှ လိုင်းပြတ်တောက်ခံထားရကြောင်းဒေသခံများထံမှ ပြောဆိုသည်။
#ချင်းပြည်နယ် #မတူပီမြို့ #ဆန်ပြတ်လပ် #စစ်ကောင်စီ #ဆပ်ကြေးကောက် #ကြိုးဖုန်း #ပြတ်တောက်ခံရ
#Ayeyarwaddy_Times