ဧရာဝတီတိုင်းမ်
မတ်လ ၂၇ ရက်
မြန်မာနိုင်ငံမှ အထောက်အထားမဲ့ အခြေချသူ ၅၀၀၀ ဝန်းကျင်ကို ထားရှိဖို့ နယ်စပ်မြို့ မိုရေးမြို့အနီးမှာ ယာယီအိမ်ယာတစ်ခု တည်ဆောက်ဖို့ မဏိပူရ်ပြည်နယ်အစိုးရက စီစဉ်နေပါတယ်။
ယာယီအိမ်ယာတစ်ခု တည်ဆောက်ဖို့ ပြည်နယ်အဆင့် ဝန်ကြီးတွေပါဝင်တဲ့ ဆပ်ကော်မတီတစ်ခု ဖွဲ့စည်း ခဲ့ပြီး အဆိုပါအဖွဲ့က မိုရေးမြို့ကို သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
မဏိပူရ်ပြည်နယ်ဟာ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးစေခဲ့တဲ့ ၂၀၂၁ ခုနှစ် အာ ဏာသိမ်းမှုကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပွားလျက်ရှိရာ မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၄၀၀ ခန့် နယ်နိမိတ်ချင်း ထိ စပ်နေပါတယ်။
မဏိပူရ်ပြည်နယ်အစိုးရက စစ်ရှောင်အိမ်ယာရှိ ဒုက္ခသည်တွေကို ကုန်စည်ပစ္စည်းတွေ၊ အခြေခံစား သောက်ကုန်တွေ ထောက်ပံ့ပေးမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မဏိပူရ်ပြည်နယ်အတွင်း ခိုလှုံနေတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို စောင့်ကြည့်ဖို့နဲ့ အထောက်အထားမဲ့ ဝင်ရောက်သူတွေကို စစ်ရှောင်အိမ်ယာသို့ ပို့ဆောင်ပို့ ဆပ်ကော်မတီကို ဖွဲ့စည်းခဲ့တာလို့ ပြည်နယ်ဝန်ကြီးချုပ် အန် ဘီရန်ဆင်းက ပြောပါတယ်။
စစ်ရှောင်အိမ်ယာရှိ ရွှေ့ပြောင်းအခြေချသူတွေကို အချက်အလက်တွေ ကောက်ခံကာ အသိအမှတ်ပြု ကတ်ပြားတွေ ထုတ်ပေးသွားမယ်လို့ သူက ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ အခြေအနေတွေ တည်ငြိမ်ပြီဆိုရင် ဒုက္ခသည်တွေကု မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင် မှာဖြစ်ပါတယ်” လို့ အန်ဘီရန်ဆင်းက ပြောပါတယ်။
ကိုးကား – The Hindustan Times
Ref; Manipur to set up shelter home for undocumented Myanmar immigrants