ဧရာဝတီတိုင်းမ်
မတ်လ ၂၇ ရက်

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း လက်နက်စမ်းသပ်မှုတွေ ဆက်တိုက် ပြုလုပ်နေတဲ့ မြောက်ကိုရီးယားနိုင် ငံက တာတိုပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်က ၅ နှစ်အတွင်း အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခု ပြီးဆုံးပြီး နောက် ပူးတွဲကမ်းတ်လေ့ကျင့်မှုတစ်ခု ပြုလုပ်နေစဉ် မြောက်ကိုရီးယားက အခုလို တာတိုပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့တာပါ။

အခုလိုမျိုး ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေက ကျူးကျော်တိုက်ခိုက်ဖို့ အစမ်းလေ့ကျင့်တာလို့ မြောက်ကိုရီး ယားက ရှုမြင်ပြီး ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ သတိပေးခဲ့ပါတယ်။

“မနက် ၇ နာရီ ၄၇ မိနစ်မှာ မြောက်ဟွမ်ဟေးပြည်နယ် ဂျန်ဟွာဒေသမှ တာတိုပဲ့ထိန်းဒုံးကျည်နှစ်စင်းကို အရှေ့ပင်လယ်ဘက်သို့ ပစ်လွှတ်ခဲ့တာကို ထောက်လှမ်းနိုင်ခဲ့ပါတယ်” လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါ တယ်။

တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်နိုင်ငံတွေရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို လက်တုံ့ပြန်မှုအဖြစ် မြောက်ကိုရီးယားနိုင်ငံက ဒီနှစ်အတွင်း နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်တဲ့ ရေအောက်ဒရုန်းတွေ၊ ဒုတိယ မြောက် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေကြောင့် ဒုံးကျည်ပစ်လွှတ်မှုတွေ၊ နျူကလီးယားစမ်းသပ် မှုတွေ ပိုပြုလုပ်လာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့တဲ့ ရေအောက်နျူကလီးယား တိုက်ခိုက် ရေးဒရုန်း လေ့ကျင့်မှုက ရန်သူတွေကို နျူကလီးယားတိုက်ခိုက်မှု လုပ်ဆောင်နိုင်တယ်ဆိုတာ သတိပေးချင်လို့ ပြုလုပ်တာလို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

နျူကလီးယားအင်အားကြီးတိုင်းပြည်အဖြစ် တည်ဆောက်မယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့နှစ် အတွင်း ကြေညာခဲ့ပြီး နျူကလီးယားလက်နက်တွေ အပါအဝင် လက်နက်ထုတ်လုပ်မှုတိုးမြှင့်ဖို့ ကင်ဂျုံအန်က စစ်တပ်ကို ညွှန်ကြားခဲ့ပါတယ်။

တစ်ကယ့်စစ်ပွဲဖြစ်လာရင် တိုက်ခိုက်မှုအတွက် ပြင်ဆင်ဖို့ စစ်ရေးလေ့ကျင့်တာတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ကင်ဂျုံအန်က ဒီလအတွင်း မြောက်ကိုရီးယားစစ်တပ်ကို အမိန့်ပေးခဲ့ပါတယ်။

ကိုးကား – AFP
Ref; North Korea fires two short-range ballistic missiles as tensions rise