ဧရာဝတီတိုင်းမ်
မတ်လ ၂၇ ရက်

ရုရှားနိုင်ငံက အနောက်နိုင်ငံတွေကို ခြိမ်းခြောက်နိုင်သော
တရုတ်နိုင်ငံနဲ့ စစ်ရေးမဟာမိတ်ဖွဲ့တာ မရှိဘူး လို့ သမ္မတ ဗလာဒီမာပူတင်က ငြင်းဆန်လိုက်ပါတယ်။

မော်စကိုက ပေကျင်းနဲ့ စစ်ရေးမဟာမိတ်ဖွဲ့တာ မရှိဘူးလို့ မနေ့က နိုင်ငံပိုင်ရုပ်သံဌာနနဲ့ အင်တာဗျူးတစ် ခုအတွင်း ဗလာဒီမာပူတင်က ပြောပါတယ်။

ရုရှားနဲ့တရုတ်က စစ်ဘက်ဆိုင်ရာ နည်းပညာနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်နေပေမယ့် အရာရာတိုင်း က ပွင့်လင်းမြင်သာမှုရှိပြီး လျှို့ဝှက်ချက်တွေ မရှိဘူးလို့ သူက ဆိုပါတယ်။

အာရှနဲ့ ပစိဖိတ်ဒေသမှာ နေတိုးအဖွဲ့က စစ်ရေးနဲ့ နိုင်ငံရေးသြဇာအာဏာ တိုးချဲ့လာတာကိုလည်း ၎င်းက ဝေဖန်လိုက်ပါတယ်။

“၁၉၃၀ ခုနှစ်တွေမှာ ဂျာမနီ၊ အီတလီနဲ့ ဂျပန်နိုင်ငံတွေက ဖန်တီးခဲ့တဲ့ ဝင်ရိုးစွန်းအဖွဲ့နဲ့ ပုံစံတူအဖွဲ့အ စည်းသစ်တစ်ခု စတင်ဖွဲ့စည်းဖို့ အနောက်နိုင်ငံတွေက လေ့လာဆန်းစစ်သူတွေက ပြောနေကြပါပြီ” လို့ သူက ဆိုပါတယ်။

တရုတ်နိုင်ငံက ရုရှားနိုင်ငံသို့ စစ်လက်နက်တွေ ထောက်ပံ့ပေးနိုင်တယ်လို့ အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့ လအတွင်း ပြောကြားခဲ့ဖူးပေမယ့် တရုတ်နိုင်ငံက ငြင်းဆန်ခဲ့ပါတယ်။

ရုရှားက စွမ်းအင်နဲ့ ဘဏ္ဍာရေးနယ်ပယ်တွေမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်လာပြီး တရုတ်အပေါ် ပိုမို မှီခိုလာတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ပူတင်က ပယ်ချခဲ့ပြီး မနာလိုသူတွေရဲ့ အမြင်တွေသာဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။

ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီတွေ ထောက်ပံ့
တဲ့ နေတိုးအဖွဲ့ကို သတိပေးမှုတစ်ခုအနေနဲ့ ရု ရှားက ဘီလာရုစ်မှာ နျူကလီးယားလက်နက်တွေ ဖြန့်ကြက်မယ်လို့ ကြေညာခဲ့ပြီး နောက်တစ်ရက်မှာ ပူတင်က အခုလို မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။

ကိုးကား – NHK
Ref; Putin denies military alliance with China