ဧရာဝတီတိုင်းမ်
မတ်လ ၂၆ ရက်

မေလ ၁၄ ရက်မှာပြုလုပ်မယ့် ရွေးကောက်ပွဲမှာ တိုင်းပြည်ရဲ့ ခေါင်းဆောင်သစ်အဖြစ် ပထမဆုံး ကိုယ်စား လှယ်လောင်းအဖြစ် ထိုင်းဝန်ကြီးချုပ် ပရာယွပ်ချန်အိုချာကို ပြန်လည်ရွေးကောက်ပွဲဝင်ဖို့ သူ့ရဲ့ပါတီက တရားဝင် အဆိုပြုလိုက်တယ်လို့ သိရပါတယ်။

အသက် ၆၉ နှစ်အရွယ် ပရာယွပ်ချန်အိုချာက United Thai Nation ပါတီနဲ့အတူ ရွေးကောက်ပွဲမှာ ပြန် လည်ယှဉ်ပြိုင်မှာဖြစ်ပြီး ဘီလျံနာမိသားစုမှ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှာနာဝပ်နဲ့သမီးဖြစ်သလို ဝန်ကြီးချုပ် ဟောင်း ယင်လပ်ရှာနာဝပ်ရဲ့ တူမလည်းဖြစ်တဲ့ ပေတုံတန်ရှင်နာဝပ်ထရာကို အဓိက ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။

စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက အာဏာရခဲ့တဲ့ ပရာယွပ်က ၂၀၁၉ ခု နှစ်မှာ အရပ်သားခေါင်းဆောင်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။

ပြည်သူ့စစ်တမ်းတွေမှာ ပရာယွပ်က ပြိုင်ဘက်တွေထက် လူကြိုက်နည်းခဲ့ပေမယ့် ပြည်သူတွေ သာ ယာဝပြောရေး၊ တိုင်းပြည်တည်ငြိမ်ရေးနဲ့ သက်ဉီးစံပိုင်စနစ် ကာကွယ်ပေးမယ်ဆိုတဲ့ ကတိတွေကြောင့် ထောက်ခံ သူတွေရဲ့ ယုံကြည်မှုရရှိမယ်လို့ မျှော်လင့်နေပါတယ်။

“လူတိုင်း ပျော်ရွှင်စေဖို့ ကျွန်တော်တို့ ဆန္ဒပြုပါတယ်” လို့ မဲဆန္ဒနယ် ၄၀၀ အတွက် ကိုယ်စားလှယ် လောင်းတွေ မိတ်ဆက်တဲ့အခမ်းအနားမှာ ပရာယွပ်က ပြောပါတယ်။

အစိုးရသစ်က လက်ရှိအစိုးရရဲ့ လုပ်ဆောင်ချက်ကို ဆက်လက်ဆောင်ရွက်မယ်လို့ သူက ဆိုပါတယ်။ “အ ရေးကြီးဆုံးအရာက တိုင်းပြည်နဲ့ အဓိကအင်စတီကျူးရှင်းကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်ပါတယ်” လို့ ပရာယွပ် က ပြောပါတယ်။

United Thai Nation ပါတီခေါင်းဆောင် ပီရာပန်ကို ဝန်ကြီးချုပ်ရာထူးအတွက် ဒုတိယကိုယ်စားလှယ် လောင်းအဖြစ် အဆိုပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ ကြေးရတတ်လူတန်းစားနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးကို ဆယ်စုနှစ်ချီ လွှမ်း မိုးခဲ့တဲ့ ဒီမိုကရေစီအင်အားစုတွေကြား အားပြိုင်မှုတစ်ခု ဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။

ကိုးကား – Reuters
Ref; Thai PM Prayut to run for re-election in May