ဧရာဝတီတိုင်းမ်
မတ် ၅ ရက်
အမေရိကန်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် သီရိလင်္ကာကမ်းလွန်မှာ အီရန်စစ်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာ သီရိလင်္ကာရေတပ်က ဒါဇင်နဲ့ချီတဲ့ အီရန်သင်္ဘောအမှုထမ်းတွေကို ကယ်တင်ခဲ့ရတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်ခိုက်မှုကို အမေရိကန်ရေတပ်မှ ရေငုပ်သင်္ဘောတစ်စင်းက လုပ်ဆောင်ခဲ့တာလို့ အမည်မ ဖော်လိုတဲ့ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
အမေရိကန်ရေတပ်ရဲ့ အီရန်စစ်သင်္ဘောကို တိုက်ခိုက်မှုကြောင့် သီရိလင်္ကာစစ်တပ်က ရှာဖွေရေး နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတစ်ရပ် လုပ်ဆောင်ခဲ့ရပါတယ်။
လက်ရှိအချိန်ထိ လူ ၃၂ ဉီးကို ကယ်ဆယ်ခဲ့ပြီး ပင်လယ်ပြင်မှ အလောင်းအများအပြားကို တွေ့ရှိ ခဲ့တယ်လို့ သီရိလင်္ကာ အာဏာပိုင်တွေက ပြောပါတယ်။
သီရိလင်္ကာနိုင်ငံအနီး အိန္ဒိယသမုဒ္ဒရာထဲမှာ အမေရိကန်ရေငုပ်သင်္ဘောတစ်စင်းက အီရန်ဖျက် သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ရာ လူ ၁၀၁ ဉီးထက်မနည်း သေဆုံးခဲ့တယ်လို့ သီရိလင်္ကာနိုင်ငံရှိ သ တင်းရင်းမြစ်တွေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
သီရိလင်္ကာရေတပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက လူ ၁၀၁ ဉီး ပျောက်ဆုံးနေတယ်ဆိုတဲ့ သ တင်းတွေဟာ မမှန်ဘူးလို့ ပြောကြားခဲ့ပြီး အီရန်စစ်သင်္ဘော နစ်မြုပ်တဲ့သတင်းတွေကို ပယ်ချခဲ့ပါတယ်။
အီရန်ရေတပ်ကို အမေရိကန်က တိုက်ခိုက်မှုတွေ လုပ်ဆောင်တာဟာ အမေရိကန်နိုင်ငံက ပြီးခဲ့ တဲ့စနေနေ့မှာ စတင်ခဲ့တဲ့ စစ်ပွဲရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
အီရန်စစ်သင်္ဘော ၁၇ စင်းကို နစ်မြုပ်ခဲ့ပြီး အီရန်ရေတပ်တစ်ခုလုံးကို ဖျက်ဆီးနိုင်တော့မယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; US carried out strike on Iranian warship off Sri Lanka coast, officials say