ဧရာဝတီတိုင်းမ်
မတ် ၅ ရက်

ဟော်မုတ်ဇ်ရေလက်ကြားမှ ဖြတ်သန်းမောင်းနှင်တဲ့ ရေနံတင်သင်္ဘောတွေကို အမေရိကန်ရေတပ် က ကာကွယ်စောင့်ရှောက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

“လိုအပ်မယ်ဆိုရင် အမေရိကန်ရေတပ်ဟာ ဟော်မုတ်ဇ်ရေလက်ကြားမှ ဖြတ်သန်းတဲ့ ရေနံတင် သင်္ဘောတွေကို ကာကွယ်စောင့်ရှောက်မှု စတင်ပါမယ်” လို့ ၎င်းက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ ကမ္ဘာတစ်ဝှမ်း စွမ်းအင် လွတ်လပ်စွာ စီးဆင်းမှုရှိဖို့ လုပ်ဆောင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

ပါရှားပင်လယ်ကွေ့မှ ဖြတ်သန်းသွားတဲ့ သင်္ဘောအားလုံးအတွက် သင့်တော်သော အာမခံမှု ဆောင်ရွက်ပေးဖို့ အမေရိကန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းကို ညွှန်ကြား ထားတယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

အီရန်နဲ့အမေရိကန်ကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်ဖြစ်နေတာကြောင့် ကမ္ဘာ့စွမ်းအင်ဈေး ကွက်မှာ သဘာဝဓာတ်ငွေ့နဲ့ ရေနံစိမ်းထောက်ပံ့မှု တည်ငြိမ်ရေးနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေပြီး အနာ ဂတ်မှာ ဈေးနှုန်းမြင့်တက်လာဖို့ တွန်းအားပေးနေပါတယ်။

အရေးယူမှုတွေ ထပ်လာမယ်လို့လည်း ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ အ ဆိုပါမှတ်ချက်ဟာ စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာမှုနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေ ဖြေလျှော့စေဖို့ ရည် ရွယ်ပါတယ်။

ရေနံစိမ်းနဲ့ အခြားလောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာမှုကို ဒေါ်နယ်ထရမ့်က ဖြေရှင်းပေးခဲ့ပြီး လောင်စာဆီဈေးနှုန်းတွေ အရင်ကထက် လျှော့လာမယ်ဆိုတာ ယုံကြည်တယ်လို့ ပြောပါတယ်။

ကိုးကား – NHK
Ref; Trump: US Navy will escort tankers transiting Strait of Hormuz ‘if necessary’