ဧရာဝတီတိုင်းမ်
မတ် ၄ ရက်
တာချီလိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာဟိုတယ်ထဲတွင် ကျားဖြန့်လုပ်သည့်တရုတ်နိုင်ငံသား ၃၀၀ ကျော်အပါအဝင် နိုင်ငံခြားသား ၄၀၀ ကျော်ဖမ်းမိကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ မယ်ခေါင် (၂) ရပ်ကွက် မယ်ခေါင် (၂) လမ်း ဟိုတယ်လိုင်စင်ရယူထားခြင်းမရှိသော အပြည်ပြည်ဆိုင်ရာ ဟိုတယ်အမည်ရှိ အဆောက်အအုံ၌ တရားမဝင်အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ လုပ်ကိုင်သူ တရားမဝင်တရုတ်နိုင်ငံသား အမျိုးသား ၂၈၉ ဦး၊ အမျိုးသမီးရှစ်ဦး စုစုပေါင်း ၂၉၇ ဦး၊ မလေးရှားနိုင်ငံသား အမျိုးသား ၃၁ဦး၊ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၃၈ ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသား ၄၆ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၅၇ ဦး၊ ဖိလစ်ပိုင်နိုင်ငံသားအမျိုးသမီး တစ်ဦး စုစုပေါင်း ၃၉၃ ဦးတို့ဖမ်းဆီးကြောင်းသိရသည်။
ထို့ပြင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၁၇၄ လုံး၊ CPU အလုံး ၇၀၊ starlink ကိုးလုံး၊ ဖုန်းမျိုးစုံ ၂၃၃ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်းထုတ်ပြန်သည်။

စစ်ကော်မရှင်သည် မြန်မာနိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်းများ လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းလျက်ရှိကြောင်းပုံမှန်ထုတ်ပြန်သည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် မြန်မာ – ထိုင်းနယ်စပ် ကျားဖြန့်လုပ်ငန်းများရှိရာနယ်စပ်ကို ထိုင်းရဲတပ်ဖွင့်နှင့်အတူ FBI က ပူးပေါင်းဆောင်ရွက်နေပြီး လိမ်လည်မှုဂိုဏ်းများကြောင့် ကမ္ဘာ့တစ်ဝန်းရှိလူပေါင်းများစွာ နစ်နာဆုံးရှုံးရုံသာမက ဒေါ်လာဘီလီယံချီဆုံးရှုံးနေကြောင်း FBI ထံမှသိရသည်။
လက်ရှိတွင် အမေရိကန်ပြည်ထောင်စုအောက်ရှိ FBI မှ အထူးကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံရဲတပ်ဖွဲ့များဖြင့် Anti Scam Task Force ပူးပေါင်းစစ်ဆင်ရေးလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလပိုင်းတွင် စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျားဖြန့်စစ်ရေးလုပ်ဆောင်နေသည့် အမေရိကန် FBI အဖွဲ့များမတွေ့ကြောင်းထုတ်ဖော်ပြောကြာခဲ့သေးသည်။
ဓာတ်ပုံ – MOI,FBI