ဧရာဝတီတ်ိုင်းမ်
မတ်လ ၂၅ ရက်
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တွေက ပြည်သူ့စစ်တွေကို စစ်ကောင်စီက အခမ်းအနားနဲ့ ကြက်ဥ၊ ကော်ဖီမစ်ထုတ်တွေပေးပြီး လူသစ်တွေ ထပ်မံစုဆောင်းနေတယ် လို့ ဒေသခံတွေကပြောပါတယ်။
ဧရာဝတီတ်ိုင်းမှာ မြို့နယ် ၂၆ မြို့နယ်ရှ်ိပြီး မတ်လ ၂ဝ ရက်ကစတင်ကာ အခုလို ပြည်သူ့စစ်တွေကို ကြက်ဥ၊ ကော်ဖီမစ် အပြင် စစ်ကောင်စီဝါဒဖြန့် မြဝတီသတင်းစာတွေပါ ပေးပြီးလူသစ်တွေ ထပ်မံစုဆောင်းနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
မနေ့ကလည်း ငပုတော၊ ဟင်းအိုးချောင်းကျေးအုပ်စုနဲ့ကမ်းနီကျေရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှာ အခမ်းအနားနဲ့ ပြည်သူ့စစ် လူသစ်တွေထပ်မံ စုဆောင်းသွားခဲ့ပါသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဧရာဝတီတိုင်း မြို့နယ်အတော်များများမှာ လူသစ်တွေ ထပ်မံစုဆောင်းသလို တစ်တိုင်းလုံးအတိုင်းအတာနဲ့ ဆက်ပြီးလုပ်ဆောင်ဘို့ရှိတယ်။ သူတို့ကို ကင်းလှည့်တဲ့နေရာမှာ အသုံးပြု ကြသလို စစ်တပ်ရဲ့မြို့ဝင်ဂိတ်တွေမှာလည်း ဂ်ိတ်စောင့်ဘို့ ခေါ်သုံးကြတယ်။ သူတို့ဖွဲ့ထားတဲ့ ပြည်သူ့စစ်ဆိုတာလည်းအသက်ကြီးပိုင်းတွေများတယ် ကျွန်တော်တို့အမြင်တော့ စစ်တပ်က အင်အားလည်း နဲသွားပြီလို့ ယူဆရတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်က်ိုပြောပါတယ်။
ဒါ့ပြင် ပြည်သူ့စစ်တွေကို ကိုယ်ပိုင်အမှတ်၊ ဓါတ်ပုံ ပတ်(စ်)ပို့ ရိုက်ခြင်းနဲ့ လူသစ်တွေ ထပ်မံစုဆောင်းတာတွေကိုတော့ ပုသိမ်မြို့အမှတ်၂၇၁ တပ်ရင်းက စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီး ညဏ်လင်းအောင်က နယ်မြေဆင်းပြီး ကိုယ်တိုင်လာရောက် လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
#ဧရာဝတီတ်ိုင်းမ် #စစ်ကောင်စီ
#ပြည်သူ့စစ်များကိုကြက်ဥထောက်ပံ့
#လူသစ်စုဆောင်း
#Ayeyarwaddy_Times