ဧရာဝတီတိုင်းမ်
မတ်လ ၂၅ ရက်

အမေရိကန်မူဆလင်တွေထံ ပေးပို့တဲ့ ရာမာဒန်ဥပုသ်လ သဝမ်လွှာတစ်စောင်အတွင်း တရုတ်နဲ့မြန်မာရှိ ဝီဂါတွေ၊ ရိုဟင်ဂျာတွေနဲ့အတူ စည်းလုံးညီညွတ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောကြားလိုက်ပါ တယ်။

“ဖိနှိပ်မှုတွေ ရင်ဆိုင်နေရတဲ့ တရုတ်နိုင်ငံက ဝီဂါတွေ၊ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ၊ ကမ္ဘာတစ်ဝန်းက မူ ဆလင်အသိုင်းအဝိုင်းတွေနဲ့ အမေရိကန်နိုင်ငံက အတူရပ်တည်ပါတယ်” လို့ ကြေညာချက်က ဖော်ပြပါတယ်။

အမေရိကန်နဲ့ကမ္ဘာတစ်ဝန်းရှိ မူဆလင်တွေအတွက် ရာမာဒန်ဥပုသ်လ ပထမဆုံးညဖြစ်တဲ့ မတ်လ ၂၂ ရက်မှာ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“အခက်အခဲတွေ ကြုံတွေ့နေရတဲ့ မူဆလင်အသိုင်းအဝိုင်းတွေကို ပံ့ပိုးကူညီဖို့ အမေရိကန်နိုင်ငံက ထပ် လောင်းအတည်ပြုပါတယ်” လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

မူဆလင်တွေဟာ ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုတွေ ပိုပြီး ခံနေရတယ်ဆိုတာ အမေရိကန်နိုင်ငံက တရားဝင် ဝန်ခံတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး လင်ဒါသောမတ်ဂရင်းဖီးက ပြော ကြားခဲ့ပြီး တရုတ်နိုင်ငံက ဝီဂါတွေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ကိုးကားလိုက်ပါတယ်။

တရုတ်နိုင်ငံက ဝီဂါတွေမူဆလင်လူနည်းစုအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ဆက်လက် ကျူးလွန်နေ တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်အတွင်း ပြောကြားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံက ဝီဂါနဲ့ အခြားလူနည်းစုတွေအပေါ် ဆယ်စုနှစ်ချီ ဖိနှိပ်မှုတွေ တိုး မြှင့်လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မိုက်ခ်ပွမ်ပီယိုက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ဝီဂါတွေအပေါ် ဖိနှိပ်မှုတွေကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး မ ဟာမင်းကြီးရုံးက မှတ်တမ်းတင်ခဲ့ပြီး အနောက်နိုင်ငံအစိုးရတွေက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

ကိုးကား – Middle East Eye
Ref; US: Biden expresses solidarity with Uyghur, Rohingya Muslims in Ramadan message