ဧရာဝတီတိုင်းမ်
မတ်လ ၂၅ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ကျုံဒိုးမြို့ကို သွားလာတဲ့ကားလမ်းကို မတ်လ ၂၅ ရက်နေ့ကစတင်ပြီး အသွားအလာ အပြုလုပ်ဖို့အတွက် ကျားဖြူစစ်ကြောင်းက သတိပေးထုတ်ပြန်ထားပါတယ်။

မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ မြဝတီမြို့နယ်တွေနဲ့ ကျုံဒိုးမြို့က စစ်ကောင်စီတပ်စခန်းတွေနဲ့ ရဲစခန်းတွေကို သိမ်းတာတွေပြုလုပ်ပြီး တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မြဝတီ – ကျုံဒိုးလမ်းပိုင်းကို အသွားအလာ မလုပ်ဖို့အတွက် ကြိုတင်သတိပေးတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျားဖြူစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ကျုံဒိုးမြို့နယ်ကနေ မြဝတီမြို့နယ်ထိ မည့်သည်နည်းနဲ့မျှ ဖြတ်သန်းသွားလာတာတွေ လုံးဝ(လုံး၀) မပြုလုပ်ဖို့အတွက် အထူးမေတ္တာရပ်ခံပါတယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

#မြဝတီ #ကျုံဒိုး #လမ်းသွားတာမလုပ်ဖို့ #မေတ္တာရပ်ခံ #ကျားဖြူစစ်ကြောင်း #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…