ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ မတ်လ ၂၄ ရက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ လယ်ဆော့လော့ BGF တပ်စခန်းကို ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်က တပ်မဟာ(၁)KNLA ပူးပေါင်း အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ဘီးလင်းမြို့နယ်အတွင်းရှိ BGF တပ်စခန်းအား ဝင်ရောက် တိုက်ခိုက်ခဲ့ရာတွင် စခန်းသိမ်းနိုင်ခဲ့ပြီး BGFတပ်ဖွဲ့ဝင် ခြောက် ဦးသေဆုံး၍ ကျန် တပ်ဖွဲ့ဝင် များ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
“တပ်မဟာ(၁)၊ KNLA၊PDF တော်လှန်ရေအင်အားစုများ ပူးပေါင်းအဖွဲ့ကနေ လယ်ဆော့လော့ BGFစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ BGFတပ်ဖွဲ့ဝင် ခြောက် ဦး သေဆုံးတယ်။ ပူးပေါင်းအဖွဲ့မှ PDFရဲဘော်တစ်ယောက် ဒဏ်ရာရခဲ့တယ်” ဟု သထုံခရိုင်PDFတာဝန်ရှိသူ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ၂ နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့သည့်တပ်သားများထံမှ သေနတ် ငါး လက်အပါအဝင် RPG တစ်လက်၊ သေနတ်ကျည်ဆံနှင့် ကျည်ဘောက်များ၊ ဆက်သွယ်ရေးပစ္စည်းများကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ဘီးလင်းတွင် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့ကလည်း KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီလက်အောက်ခံ သံတံတားစစ်ဆေးရဂိတ်အား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင်PDFတာဝန်ရှိသူထံက သိရသည်။
ဓာတ်ပုံ – သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများ။
#မွန်ပြည်နယ် #ဘီးလင်း #BGFစခန်း #တိုက်ပွဲ #၆ဦးသေ #KNLA #PDF