ဧရာဝတီတိုင်းမ်
မတ်လ ၂၅ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မတ်လ ၂၅ ရက်နေ့ မနက်အစောပိုင်းက စတင်ကာ တိုက်ပွဲတွေပြင်းထန် နေတာကြောင့် ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတားပါပိတ်ထားလိုက်ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ မြဝတီကုန်သွယ်ရေးဇုန်းအနားမှာ မနက် ၅ နာရီကျော်လာက စတင်ကာ စစ်ကောင်စီတပ်တွေနဲ့ KNU/KLNA ပူးပေါင်း တပ်တွေအကြား အပြန်အလှန်တိုက်ပွဲတွေဖြစ်ပွားနေတာလို့ ဒေသခံတွေက ပြောပါတယ်။
” မနက်အစောကြီးထဲက ပစ်ခတ်သံတွေကြားရတာ၊ လောလောဆယ်တော့ ပစ်နေတုန်းပဲ၊ စစ်ကောင်စီဘက်က အသေဆုံးများလို့ထင်တယ် လေယာဥ်နဲ့ပါ လာပစ်နေတယ် စစ်ကောင်စီဘက်က၊ ပြီးတော့ တံတားလည်းပိတ်ထားတယ်”လို့ မြဝတီမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲတွေပြင်းထန်နေပြီးနောက်ပိုင်း စစ်ကောင်စီ တပ်က မြဝတီနဲ့ ထိုင်းကိုကူးတဲ့တံတားကို အရေးပေါ် ပိတ်ချလိုက်တာလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ မြို့ထဲမှာ အသွားလားရှင်းနေပြီး စစ်ကောင်စီတပ်နဲ့ BGF တွေက မြို့ထဲကားတွေပတ်သွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။