ဧရာဝတီတိုင်းမ်
မတ်လ ၂၄ ရက်

ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ ပျဉ်းမထုံးကျေးရွာအုပ်စု၊ ကတွတ်ပင်ချောင်းတဲစုအနောက်တောင်ဘက်တင်ဆိပ် သီဟိုခြံအတွင်းမှာမတ်လ၂၃ ရက်နေ့က ဒဏ်ရာရပြီး အဆိပ်သင့်သေဆုံးနေတဲ့ တောဆင်ရိုင်းတစ်ကောင်တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

သေဆုံးနေတဲ့ဆင်မှာ စွယ်စုံဆင်ထီးဖြစ်ပြီးအသက် ၃၄ နှစ်အရွယ်၊ အမြင့် ၈ ပေ၊ ကျောအလျား ၇ပေ ၂ လက်မ၊ လုံးပတ် ၁၃ ပေ ၆လက်မရှိပြီး ရရှိထားသောဒဏ်ရာက ပြည်တည်ကာအဆိပ်သင့်ပြီး သေဆုံးသွားတာလို့သစ်တောဦးစီးဌာနမှသစ်တောဦးစီးဌာနနဲ့ နီးစ​ပ်သူတွေက ပြောပါတယ်။

“အဆိပ်လူးမြှားနဲ့ ပစ်ခံရတယ်လို့ယူဆရတယ်။ ဆင်ကဒဏ်ရာကြောင့် အဆိပ်မိနေတာ သတင်းရလို့ ရောက်သွားတော့ဆင်က မသေသေဘူး ဆင်ကုတဲ့ဆရာ၀န်တွေနဲ့ ကုသပေမယ့် သေဆုံးသွားတယ် ဆင်မုဆိုးတွေလက်ချက်ပဲ”လို့ ပုသိမ်ခရိုင် သစ်တောဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။

သေဆုံးသွားတဲ့ တောဆင်ရိုင်းကို သစ်တော ဦးစီး တာ၀န်ရှိသူတွေက အစွယ်ကို ဖြုတ်ယူပြီး ဆင်ကို တောတွင်းမှာပဲ မီးရိူ့ ဖျက်စီးလိုက်တယ်လို့သိရပါတယ်။

ဧရာ၀တီတိုင်းမှာ ၂၀၂၃ ခုနှစ်အစပိုင်း၂ လအတွင်းမှာပင် ဆင်သတ်မုဆိုးများလက်ချက်ကြောင့်သေဆုံးရတဲ့ ဆင် ၅ ကောင်ထိရှိလာပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ချောင်းသာဒေသ ကန်ကြီးကျေးရွာအုပ်စု မှာ ဟိုင်းဆင်တစ်ကောင်၊ မတ်လ ၇ ရက်နေ့က ငပုတောမြို့နယ် ဆင်မကြိုးဝိုင်းအတွင်းမှာ စွယ်စုံဆင်တစ်ကောင်၊ မတ်လ ၁၃ ရက်နေ့က သာပေါင်းမြို့နယ်ကညင်ချောင်းဖျားမှာတောဆင်ရိုင်း၂ကောင်အသတ်ခံခဲ့ပြီး ဒီဖြစ်စဥ်ကြောင့် ပုသိမ်ခရိုင်အတွင်းမှာ တောဆင်ရိုင်း အသတ်ခံရမှု ၅ ကောင်အထိရှိလာပြီပဲဖြစ်ပါတယ်။

ယခင်က ဧရာ၀တီတိုင်းမှာ ဆင်သတ်မုဆိုးများကိုမကြာခဏ ဖမ်းဆီးရမိမှုများရှိပေမယ့် စစ်တပ်အာဏာသိမ်းပြိီးနောက်ပိုင်း တောဆင်ရိုင်းများ ကာကွယ်စောင့်ရှောက်ဖို့အတွက် တောထဲကို သစ်တောရဲတွေနဲ့ ကင်းလှည့်တာတွေ ယခင်လိုသိမလုပ်နိုင်တော့တာကြောင့် တရားခံတွေကိုဖမ်းဆီးရမိတာမျိုးမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

#သာပေါင်းမြို့ #တောဆင်ရိုင်း #အသတ်ခံရ
#Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…