ဧရာဝတီတိုင်းမ်
(ကြာအင်းအိပ်ကြီး)၊ မတ်လ ၂၄ ရက်
ကရင်ပြည်နယ်၊ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်း ကျူးကျော်တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ကွီလုံတိုင်စခန်းသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် S.O.F ပူးပေါင်းတပ်ဖွဲ့တို့ မတ်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ၂ ကြိမ်တိုင်တိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကွီလုံတိုင်စခန်းသို့ စစ်ကောင်စီလက်အောက်ခံ ခမရ(၅၆၁)တပ်ရင်းနှင်ဘ ခမရ(၄၃၂)တပ်မှ အင်အား ၈၀ ဝန်းကျင်ပါစစ်ကြောင်းမှ ရိက္ခာပို့ရန်နှင့် လူနာသယ်ရန်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး KNLAတပ်ဖွဲ့ဝင်များ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F နှင့် နဂါးနီစစ်ကြောင်းတို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ထိုင်းနယ်စပ် ရေသရောက်စခန်းကနေ ကွီလုံတိုင်ကိုရိက္ခာလာပို့တယ်။ ကွီလုံတိုင်ကနေ ကျွန်တော်တို့လာတုန်းက ပစ်ခတ်ထားလို့ ဒဏ်ရာရနေတဲ့သူတွေကိုသယ်လာပြီး နောက်ကိုပြန်လှည့်တယ်။ နောက်ပြန်လှည့်တဲ့အချိန်မှာလည်း ထပ်ပြီးဝောာ့တိုက်ပွဲဖြစ်တယ်။” ဟု S.O.Fမှ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း ဒုတပ်ရင်းမှူးအပါအဝင် တပ်သား ၁၀ ဦးဝန်းကျင်သေဆုံးခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိခဲ့ကာ MA1 သေနတ် ၃ လက်၊ MA-2 သေနတ် တစ်လက်တို့ သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ၂ ကြိမ်၊ Mi-35 ရဟတ်ယာဉ်ဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ပြီး အနီးနားရှိကျေးရွာများမှ နေအိမ် ၂ လုံးမီးလောင်ခဲ့ရပြီး ရွာသားတစ်ချို့ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
#ကြာအင်းဆိပ်ကြီး #SOF #တိုက်ပွဲ #စစ်ကြောင်းထိုး #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…