ဧရာဝတီတိုင်းမ်
မတ်လ ၂၄ ရက်

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းမပေါ်တွင် ယနေ့ နေ့လည်ပိုင်းက ဥပဒေအကြံပေးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယနေ့ မတ်လ ၂၄ ရက်နေ့ နေ့လည် ၁၂ နာရီ ၃၅ မိနစ်အချိန်က ဖွံဖြိုးရေးလမ်းမပေါ်၌ အသက် ၅၂ နှစ်အရွယ်ရှိ မင်းတေဇာညွန့်တင် (ဥပဒေအကြံပေး)ဆိုသူ သည် နေအိမ်သို့ ကားဖြင့်ပြန်လာစဉ် သေနတ်ဖြင့် ၁၄ ချက်ပစ်ခတ်ခံရကာ နေရာတွင်ပင် သေဆုံးသွား ကြောင်း သိရှိရသည်။

“ကားဂိတ်ကိုသွားနေတုန်း လမ်းမှာတွေ့ရတာ ကားထဲကလူကို ပစ်သွားတာ။ ဘယ်သူလဲတော့ မသိဘူးပေါ့နော်။ တရစပ်ပဲ ပစ်သွားတာ။ အဲ့လိုပစ်ပြီး သိပ်မကြာ ဘူး ၁၈ ကုန်းဘက်မှာ ပစ်သံထပ်ကြားရတာ။ သေတဲ့လူက အကောင်ကြီးထဲကထင်တယ်။ အရမ်းစစ်နေကြတယ်။ ပြည်သူ တွေက ကလေးတွေကို ကူညီရင်ကောင်းမယ်”ဟု မြို့နယ်နေထိုင်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြော သည်။

အဆိုပါ ပစ်ခတ်ခံရသည့် မင်းတေဇာညွန့်တင်ဆိုသူ သည် စစ်ကောင်စီတပ်နှင့် အကျိုးတူစီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေသူဖြစ်ပြီး တော်လှန်ရေးလူငယ်များကို ပြစ်ဒဏ်ချမှတ်ရာတွင် ဥပဒေအကြံ ပေးဖြစ်ကြောင်း သိရှိရသည်။

ဥပေဒအကြံပေး မင်းတေဇာညွန့်တင်ကို နေအိမ်သို့ပြန်လာစဉ်အခင်းဖြစ်နေရာအရောက်တွင် လူနှစ်ဦးမှ လာရောက်ပစ်ခတ်သွားရာ ယာလက်ဖျံ ၃ ချက်၊ ဝဲဘက်လက်ဖျံ ၃ ချက်၊ ယာလက်ခုံ ၂ ချက်၊ ဝဲဘက်နံ ဘေး ၁ ချက်၊ ဝဲဘက်ခါးစောင်း ၂ ချက် ကျောကုန်း ၂ ချက် စုစုပေါင်း ၁၄ ချက် ပစ်ခတ်ခံရပြီးသေဆုံး သွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံမှ သိရှိရသည်။

အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့မှပြုလုပ်သည်ကို မူလုံခြုံရေးအရ ထုတ်ပြန်ခြင်းမရှိ၍ အတည်ပြု၍မရသေးပေ။

အလားတူ သန်လျင် ၁၈ ကုန်းရှိ စစ်တပ်ဂိတ်ကို ယနေ့ နေ့လည်ပိုင်းကပင် ပစ်ခတ်မှုဖြစ်ပွားခဲ့‌ေသးကြောင်း သိရှိရသည်။

#သန်လျင် #ဥပဒေအကြံပေး #ပစ်သတ်ခံရ
#Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…