ဧရာဝတီတိုင်းမ်
မတ်လ ၂၄ ရက်
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ၁၈ ကုန်းထိပ်ရှိ စစ်ကောင်စီဂိတ် ပစ်ခတ်ခံရပြီး သန်လျင်မြို့တွင်း ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများ ၏ ပြောပြချက်အရ သိရှိရသည်။
ယနေ့ မတ်လ ၂၄ ရက် နေ့လည် ၁ နာရီခန့်က ၁၈ ကုန်းထိပ်ရှိ စစ်ကောင်စီလုံခြုံရေးဂိတ် ပစ်ခတ်ခံရပြီး နောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် မြို့တွင်းရှိ ရပ်ကွက်များနှင့် သန်လျင်တံတားကိုပါ ပိတ်ဆို့ထားကြောင်း သိရှိရသည်။
“ဖြစ်တာတော့ မိနစ်ပိုင်းကလေးပဲ။ လူတွေက ကြောက်လန့် တကြားလျှောက်ပြေးကြတော့လေ။ ထိမထိတော့ မသိရ သေးဘူး။ စစ်သားတွေကလည်း ရမ်းပြီးလျှောက်ပစ်တာ တရစပ်ပဲ။ ပစ်ပြီးတဲ့လူတွေက ပစ်ပြီးပြေးတာ ကြာပြီ။ သူတို့က မရပ်ဘဲ လျှောက်ပစ်တာ။ ခုလည်း ရပ်ကွက်တွေထဲ၊ လမ်းတွေထဲ ၀င်စစ်နေတယ်။ ပြီးတော့ဟုတ်ဟုတ် မဟုတ်ဟုတ် ၀င်ဖမ်းနေကြ ရပ် ကွက်ကိုလည်း ၀င်သောင်းကျန်းနေတယ်။ တံတားတွေလည်းပိတ်ထားတယ်။ ကားတွေလည်းမသွားရ ဘူး။ ကုလားဝဲတံတားလည်း ပိတ်ထားတယ်”ဟု သန်လျင်မြို့နယ်နေထိုင်သူ အမျိုးသမီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိအချိန်ထိ လမ်းများပိတ်ဆို့စစ်ဆေးနေကြောင်းနှင့် လူငယ်များကို အဓိကထားစစ်ဆေးနေကြောင်း သိရှိရသည်။
ပစ်ခတ်မှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့မှပြုလုပ်သည်ကို မသိရှိရသေးဘဲ ထိခိုက်မှုအခြေအနေကိုလည်း အတည်ပြု၍ မရသေးပေ။
#သန်လျင် #စစ်ကောင်စီတပ် #စစ်ဆေးရေးဂိတ် #ပစ်ခတ်မှုဖြစ် #Ayeyarwaddy_Times