ဧရာဝတီတိုင်းမ်
မတ်လ ၂၄ ရက်
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်အတွင်းရှိ ဗဟိုအင်းစိန်အကျဉ်းထောင် အနောက်ဘက်အပေါက်ဝအနီးမှာ မတ်လ ၂၄ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အနောက်ဘက်အပေါက်ဝအနီး( မင်းစေတီပေါက်) မှာ ဝန်ထမ်းလိုင်းခန်းဘက်ကနေ နံနက် ၁၁ နာရီခွဲလောက်မှာ သေနတ် ပစ်ခတ်သံတွေ ကြားခဲ့ရတာလို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
”နေ့လယ်ပိုင်းကတော့ ပေါက်ကွဲတဲ့ အသံတော့ မကြားလိုက်ရဘူး။ သေနတ်နဲ့ သုံး၊ လေးချက် လှမ်းပစ်သံတော့ ကြားလိုက်ရတယ်။ လူ ထိ၊ မထိတော့ သွားမကြည့်ရဲဘူး”လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဝန်ထမ်းလိုင်းခန်းတွေ နေရာကို လှမ်းပစ်တာဖြစ်နိုင်ပြီး မကြာခဏဆိုသလို ဗုံးပစ်ခံလိုက်ရတာရှိသလို သေနတ်နဲ့ လှမ်းပစ်ခံလိုက်ရတာတွေရှိပြီး ဒီနေ့ အခြေအနေတွေကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။
ဗဟိုအင်းစိန် အကျဉ်းထောင် အနီးဝန်းကျင်နဲ့ ဝန်ထမ်း လိုင်းခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က မကြာခဏ ဆိုသလို တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အင်းစိန်ထောင်ဝန်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်တပ်အနေနဲ့လည်း ပုံမှန် လေ့ကျင့်တာတွေလုပ်နေတယ်လို့ အင်းစိန်အကျဉ်းထောင်နဲ့နီးစပ်သူတွေဆီကသိရပါတယ်။
#အင်းစိန်အကျဥ်းထောင် #ပစ်ခတ်မှုဖြစ် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။