ဧရာ၀တီတိုင်းမ်
မတ်လ ၂၄ ရက်

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာတွင် စစ်ကောင်စီ တပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များသည့် ပြီးခဲ့သည့် မတ်လ ၂၁ ရက်နှင့် ၂၂ ရက်နေ့များ က တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF တပ်ရင်း (၁၀) မှ ရဲဘော် နှစ် ဦးကျဆုံးခဲ့သည်။

တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် KNDF ရဲဘော် နှစ်ဦး၏ ဈာပနအခမ်းအနားမြင်ကွင်းကို KNDF တပ်ရင်း (၁၀) က ယနေ့ မတ်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က ဒေါတမကြီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ပြီး KNDF တပ်ရင်း (၁၀) မှ ရဲဘော် ခူးဦးရယ် ကျဆုံးခဲ့သည်။

အထိနာနေသည့် စစ်ကောင်စီတပ်သည် တိုက်လေယာဥ်များဖြင့် ခြောက် ကြိမ် ဗုံးကြဲခဲ့ပြီး မတ်လ ၂၂ ရက်နေ့ တိုက်ပွဲတွင် ရဲဘော် နိုရယ် ထပ်မံ ကျဆုံးခဲ့ကြောင်း KMIC ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

ကျဆုံးခဲ့သည့် ရဲဘော်ခူးဦးရယ်နှင့် ရဲဘော်နိုရယ်တို့ နှစ်ဦးကို KNDF တပ်ရင်း (၁၀) မှ သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

#ကရင်နီပြည်နယ် #ဒီးမော့ဆိုမြို့နယ် #ဒေါတမကြီးတိုက်ပွဲ #KNDFတပ်ရင်း၁၀ #ရဲဘော်၂ဦး #ကျဆုံး #ဈာပန #Photo_News #Ayeyarwaddy_Times