ဧရာဝတီတိုင်းမ်
မတ်လ ၂၄ ရက်

ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ အမေရိကန် ကုန်းရေနှစ်သွယ်သုံး စစ်သင်္ဘောတစ်စင်း တောင်ကိုရီး ယားသို့ ဆိုက်ရောက်လာခဲ့စဉ် ခေါင်းဆောင်ကြီး ကင်ဂျုံအန်ရဲ့ လမ်းညွှန်မှုအရ ဒီသီတင်းပတ်အတွင်း နျူကလီး ယား ရေအောက်တိုက်ခိုက်ရေးဒရုန်းတစ်စင်း စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာန က ယနေ့ ပြောကြားလိုက်ပါတယ်။

မတ်လ ၂၁ ရက်မှ ၂၃ ရက်အထိ ပြုလုပ်ခဲ့သော လက်နက်စမ်းသပ်မှုနဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း ခရုဇ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ KCNA က ဆိုပါတယ်။

စစ်ရေးလေ့ကျင့်မှုအတွင်း မြောက်ကိုရီးယားဒရုန်းက ရေအောက်တွင် ၅၉ နာရီကြာ မောင်းနှင်ကာ အရှေ့ ဘက်ကမ်းရိုးတန်းအလွန် ရေပိုင်နက်အတွင်း ဖောက်ခွဲပစ်ခဲ့တယ်လို့ KCNA က ပြောပါတယ်။

ဒရုန်းရဲ့နည်းပညာက ရန်သူ့ရေပိုင်နက်အတွင်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုတွေပြုလုပ်ဖို့နဲ့ ရေတပ် တိုက်ခိုက်ရေးအုပ်စုတွေ၊ အရေးပါတဲ့ဆိပ်ကမ်းတွေကို ဖျက်ဆီးဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

“နျူကလီးယား ရေအောက်တိုက်ခိုက်ရေးဒရုန်းကို ဘယ်ကမ်းခြေနဲ့ ဆိပ်ကမ်းမှာမဆို ဖြန့်ကြက်နိုင်သလို စစ်သင်္ဘောတစ်စင်းက စစ်ဆင်ရေးလုပ်ဆောင်ဖို့ ဆွဲယူနိုင်တယ်” လို့ KCNA က ဆိုပါတယ်။

နည်းဗျူဟာဆိုင်ရာ တိုက်ခိုက်ရေးမစ်ရှင်တွေ လုပ်ဆောင်ရေးလေ့ကျင့်ဖို့ ခရုဇ်ဒုံးကျည်လေးစင်း ပစ်လွှတ် ခဲ့တယ်လို့လည်း မြောက်ကိုရီးယားနိုင်ငံက အတည်ပြုခဲ့ပါတယ်။

အခုလို လက်နက်စမ်းသပ်မှုတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေက အိမ်နီးချင်းတိုင်းပြည်တွေရဲ့ လုံခြုံရေးကို မ ထိခိုက်စေဘူးလို့ မြောက်ကိုရီးယားနိုင်ငံက ပြောပါတယ်။

ကိုးကား – Reuters
Ref; North Korea says it tested new ‘nuclear underwater attack drone’
#Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…