ဧရာဝတီတိုင်းမ်
မတ်လ ၂၄ ရက်

မြန်မာစစ်အာဏာရှင်တွေကို ရုရှားနိုင်ငံက ကျောက်ထောက်နောက်ခံပြု လက်သင့်ခံနိုင်စရာမရှိဘဲ ပဋိ ပက္ခကို မီးလောင်ရာလေပင့်ဖို့ လက်နက်တွေ ထောက်ပံ့နေတာက တိုင်းပြည်အတွက် ကပ်ဘေးတစ်ခု ဖြစ်လာခဲ့ တယ်လို့ အမေရိကန် ထိပ်တန်းတာဝန်ရှိသူတစ်ဉီးက ပြောကြားလိုက်ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ အကျပ်အတည်း အခြေအနေဆိုးလာတာ၊ မြန်မာနိုင်ငံမှာ စစ် ဘက်အခြေစိုက်စခန်းတွေ တည်ထောင်ဖို့ ကြိုးပမ်းနေတဲ့ ရုရှားနိုင်ငံနဲ့ စစ်ကောင်စီရဲ့ဆက်ဆံရေး တိုးမြှင့်လာတာ နဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံက စိုးရိမ်မိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒါရက်ခ်ချိုလတ် က ပြောပါတယ်။

“ရုရှားနိုင်ငံက အာဏာသိမ်းစစ်ကောင်စီကို စစ်ရေးအကူအညီတွေ ဆက်လက်ပေးနေတာ လက်သင့်ခံနိုင် စရာမရှိပါဘူး။ ဒါဟာ မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းအတွက်ပါ ပြဿနာတစ်ခုဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

“ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော် တွေ့မြင့်ခဲ့ရတာကတော့ ရုရှားနဲ့ စစ်ကောင်စီကြား စစ်ဘက်ဆက် ဆံရေး တိုးမြှင့်လာခဲ့တာဖြစ်ပါတယ်။ ရုရှားနိုင်ငံက မြန်မာသို့ လက်နက်တွေ ထောက်ပံ့နေတာနဲ့ပတ်သက်လို့ ကျွန်တော် ပိုပြီး စိုးရိမ်မိပါတယ်” လို့ ဒါရက်ခ်ချိုလတ်က ပြောပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီးနဲ့ ထိပ်တန်းသံတမန်တွေဟာ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သလို အာဏာ သိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်နောက်ပိုင်း ရုရှားနိုင်ငံသို့ ကြိမ်ဖန်များစွာ သွားရောက်ခဲ့ပါတယ်။

မြန်မာ့အကျပ်အတည်းက မတည်ငြိမ်မှု၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုနဲ့ တရားမဝင် မူးယစ်မှောင်ခိုမှုတွေ အပါအဝင် အာဆီယံမှာ အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် အမေရိကန်အစိုးရက ရှုမြင်ခဲ့တယ်လို့ သူက ဆိုပါ တယ်။

မြန်မာ့အရေးမှာ အာဆီယံနိုင်ငံတွေရဲ့ သံတမန်ရေးကြိုးပမ်းမှုကို အမေရိကန်နိုင်ငံက ထောက်ခံခဲ့သလို ဒီ မိုကရေစီအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လုပ်ဆောင်နေတယ်လို့ ဒါရက်ခ်ချိုလတ်က ဆိုပါတယ်။

“အခြားနိုင်ငံတွေကလည်း အမေရိကန်နိုင်ငံလိုမျိုး လုပ်ဆောင်သင့်ပြီး မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံသင့်ပါတယ်” လို့ သူက ပြောပါတယ်။

ကိုးကား – Reuters
Ref; US envoy: Russian support for Myanmar junta ‘destabilising’ Southeast Asia

#Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…