ဧရာဝတီတိုင်းမ်
မတ်လ ၂၀ ရက်

အာဆီယံအဖွဲ့က ဒေသတွင်း တည်ငြိမ်မှုထိန်းသိမ်းနိုင်ဖို့ မြန်မာ့အရေး ဖြေရှင်းရာမှာ အမြင်ကျယ်ကျယ် ဖြင့် သတိကြီးကြီးထားပြီး ဆက်လက်လုပ်ဆောင်သင့်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဇမ်ဘာရီအဗ္ဗဒူက ဒါက ပြောပါတယ်။

အာဆီယံအဖွဲ့က မြန်မာ့အရေး မဖြေရှင်းနိုင်ဘူးဆိုရင် ပဋိပက္ခမှာ ပြင်ပအင်အားကြီးတိုင်းပြည်တွေရဲ့ ဝင် ရောက်စွက်ဖက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့ မြန်မာ့အရေးကို မဖြေရှင်းနိုင်ဘူးဆိုရင် အာဆီယံဒေသဟာ ပြင်ပအင်အားကြီးနိုင်ငံတွေရဲ့ ပထဝီနိုင်ငံရေးထိန်းချုပ်ဖို့ ယှဉ်ပြိုင်ရာနေရာတစ်ခု ဖြစ်လာနိုင်ပါတယ်” လို့ သူက ပြောပါတယ်။

မြန်မာ့အရေးကို အာဆီယံနည်းလမ်းအတိုင်းသာ ဖြေရှင်းသင့်ပြီး အခြားအာဆီယံနိုင်ငံတွေနဲ့ ဆွေးနွေးမှု တွေ မပြုလုပ်ဘဲ အာဆီယံတစ်နိုင်ငံတည်းက မြန်မာ့အရေးကို မဖြေရှင်းနိုင်ဘူးလို့ လွှတ်တော်အစည်းအဝေးရဲ့ အမေး၊အဖြေကဏ္ဍအတွင်း သူက ပြောပါတယ်။

မြန်မာ့အရေးဖြေရှင်းဖို့ မလေးရှားအစိုးရက လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေကို သိရှိလိုပါကြောင်း လွှတ်တော်အမတ်တစ်ဉီးရဲ့ မေးမြန်းချက်ကို ဇမ်ဘာရီက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် မြန်မာ့အရေး အဖြေရှာဖို့ ဆက်လက်ကြိုးပမ်းဖို့ အာဆီယံအဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကတိပြုခဲ့တယ်လို့ သူက ထောက်ပြပါတယ်။

ပဋိပက္ခကြောင့် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ထုတ်ပယ်သင့်တယ်ဆိုတဲ့ ဝန်ကြီးချုပ် အန်ဝါအီဘရာ ဟင်ရဲ့ အဆိုပြုချက်နဲ့ပတ်သက်လို့ လွှတ်တော်အမတ် ဇူကီဖလိုင်းအာမက်ရဲ့ မေးမြန်းချက်ကို ဇမ်ဘာရီက မည် သည့်တိုင်းပြည်ကိုမှ အာဆီယံမှ ထုတ်ပယ်ဖို့ မရည်ရွယ်ဘူးလို့ ဆိုပါတယ်။

ကိုးကား – Bernama
Ref; Myanmar conflict: ASEAN needs to be wise to avoid interference by outside powers: Zambry
#Ayeyarwaddy_Times