ဧရာဝတီတိုင်းမ်
မတ်လ ၂၀ ရက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒါရက်ခ်ချိုလတ်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန် မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုတွေ အပါအဝင် ဒေသဆိုင်ရာပြဿနာတွေနဲ့ပတ်သက်လို့ အကြီးတန်း အစိုးရခေါင်း ဆောင်တွေ၊ အရေးပါတဲ့ သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ မတ်လ ၂၀ ရက်မှ ၂၄ ရက်အထိ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံသို့ သွားရောက်မယ်လို့ သိရပါတယ်။

ခရီးစဉ်အတွင်း ဒါရက်ခ်ချိုလတ်ဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုအခြေခံပြီး ငြိမ်းချမ်းသော အဖြေရှာဖို့ ကြိုးပမ်းသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ဒါရက်ခ်ချိုလတ်ဟာ ဂျကာတာမြို့တော်မှာ အမေရိကန်-အင်ဒိုနီးရှား မဟာဗျူဟာမြောက် မိတ်ဖက် ဆောင်ရွက်မှုကို ဆွေးနွေးဖို့၊ နှစ်နိုင်ငံကြား စီးပွားရေး၊ လုံခြုံရေးနဲ့ စွမ်းအင်ဆိုင်ရာကိစ္စရပ်တွေ ပူးပေါင်းဆောင် ရွက်မယ့် ကတိကဝတ်တွေ ထပ်လောင်းအတည်ပြုဖို့ အင်ဒိုနီးရှားအစိုးရ အကြီးတန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ အာဆီယံဉက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ရည်မှန်းချက်တွေကို ဆွေးနွေးပြီး အာဆီယံဗ ဟိုပြုမှုအတွက် အမေရိကန်ရဲ့ ကတိကဝတ်၊ လွတ်လပ်ပွင့်လင်းသော အာရှ-ပစိဖိတ်ဒေသ ဖြစ်ပေါ်လာရေးနဲ့ မိတ် ဖက်နိုင်ငံတွေ လုံခြုံရေးနဲ့ သာယာဝပြောရေးအတွက် ပံ့ပိုးကူညီမှုတွေကိုလည်း ဆွေးနွေးမှာဖြစ်ပါတယ်။

ဗန်ကောက်မြို့တော်မှာ ဒါရက်ခ်ချိုလတ်ဟာ ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ အမေရိကန်-ထိုင်း မဟာမိတ်ပြုမှု၊ နယ်ပယ်စုံမှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိဖို့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။

ပြည်သူအချင်းချင်းကြားဆက်ဆံမှု တိုးမြှင့်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကတိကဝတ်တွေ စောင့် ထိန်းဖို့ အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လူငယ်ခေါင်း ဆောင်တွေနဲ့လည်း ဒါရက်ခ်ချိုလတ်က ထိတွေ့ဆက်ဆံမှာဖြစ်ပါတယ်။

ကိုးကား – www.state.gov
Ref; Counselor Chollet’s Travel to Indonesia and Thailand