ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ မတ်လ ၂၀ ရက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အဝင်းကြီးကျေးရွာအတွင်းသို့ မတ်လ ၁၈ ရက် ညနေ ၃ နာရီဝန်းကျင်တွင် အမြောက်တပ် အမတ(၃၁၄)တပ်ရင်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူမှထုတ်ပြန်ထားသည်။
ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အမတ(၃၁၄)တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ
အသက် ၅ နှစ်အရွယ်ကလေးငယ် စောဖိုးသင်္ကြန်မှာ ဦးခေါင်းလက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်း သိရသည်။
“ရွှေရောင်ပြအုပ်စုထဲကအဝင်ကြီးကျေးရွာမှာ လက်နက်ကြီးကျတာ။ ရွာအပြင်မှာလက်နက်ကြီးကျပေမဲ့ မိဘတွေနဲ့တူတူအင်းပင်နေတဲ့အချိန်မှာ ခလေးကိုလက်နက်ကြီးထိမှန်ခဲ့တာ။” ဟု ဘီးလင်းဒေသခံ အမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် မတ်လ ၁၇ ရက်နေ့ကလည်း ခလရ(၂၄)တပ်ရင်းနှင့် အမတ(၄၀၂)ပူးပေါင်းတပ်ရင်းတို့မှ ကျုံမိန်းကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ရာ အသက် ၂၁ နှစ်အရွယ် စောဝင်းနိုင်ထွေး၏လက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကေအန်ယူအုပ်ချုပ်နယ်မြေ သထုံခရိုင်အတွင်းတွင် စစ်ကောင်စီလက်အောက်ခံတပ်စခန်းများမှ အကြောင်းအရင်းမရှိ လက်နက်ကြီးများဖြင့်မကြာခန ပစ်ခတ်မှုများရှိနေပြီး မတ်လ ၈ ရက်နေ့ကလည်း ခလရ-၂၄တပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျုံမိန်းရွာမှ ကလေးငယ် ၂ ဦးလက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
#သထုံခရိုင် #ဘီးလင်းမြို့နယ် #လက်နက်ကြီးထိမှန် #သေဆုံး #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။