ဧရာဝတီတိုင်းမ်
မတ်လ ၁၉ ရက်
ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာ၊ နံနက် ၅နာရီ၀န်းကျင်တွင် ရေနီပေါက်ကျေးရွာအနီး ရေနီပေါက်ကြိုးတံတားမှ စစ်ကြောင်းထိုးလာသောအင်အား ၁၂၀ ၀န်းကျင်ခန့်ရှိ စစ်ကောင်စီတပ်အား မတ်လ ၁၆ ရက်နေ့ KNDF ၊ PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းမှ သတင်းထုတ်ပြန်ထားသည်။
၂ နာရီဝန်းကျင်ကြာ တိုက်ပွဲတွင် အလယ်ပိုင်းတိုင်း စစ်ဒေသအမှတ်(၃)ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒီးမော့ဆို (၁၁၀၂)တပ်ရင်း DMO-PDF (P3-1102)၊ အလယ်ပိုင်းတိုင်း အမှတ် ၁၁၀၁၊၁၁၀၄၊၁၁၀၆၊ ၁၁၀၇ ၊ ၁၁၀၈ တပ်ရင်းနှင့် KNDF B0-21 တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးများဖြင့်အကြိမ်မြောက်များစွာပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများအဆမတန်ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းသို့ကျရောက်ကာပြည်သူ့နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူ (၄)ဦးထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။
တိုက်ပွဲအပြီးတွင် ပွန်ချောင်းအနောက်ဖက်ကမ်းရှိ ရေနီပေါက် ကျေးရွာရှိပြည်သူ(၇)ဦးကို မတရားဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ပြည်သူများအပေါ် မတရားမှုပေါင်းစုံဖြင့် အကြမ်းဖက်နေသော စစ်ကောင်စီတပ်များကို ကျွန်ုပ်တို့ DMO-PDF (P3-1102) တပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်များအမြစ်ပြတ်သည်အထိ တွန်းလှန်တိုက်ထုတ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။
#ဘောလခဲ #စစ်ကြောင်းထိုး #စစ်ကောင်စီ #KNDF #စစ်သား #သေဆုံး #ဒဏ်ရာရ
#Ayeyarwaddy_Times