ဧရာဝတီတိုင်းမ်
မတ်လ ၁၉ ရက်

သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက စိတ်ရှည်သည်းခံမှုကျင့်သုံးဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ မြန် မာ့အရေး ငြိမ်းချမ်းသောအဖြေတစ်ခုရရှိရေး တွေ့ဆုံဆွေးနွေးကြဖို့ ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ် ကြီး Dang Hoang Giang က တောင်းဆိုလိုက်ပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံမှု ကျင့်သုံးကာ အကြမ်းဖက်မှုတွေ အ ဆုံးသတ်ပြီး မြန်မာပြည်သူတွေရဲ့ဆန္ဒ၊ အကျိုးစီးပွားနဲ့အညီ ငြိမ်းချမ်းသော အဖြေတစ်ခုရရှိရေး တွေ့ဆုံဆွေးနွေး ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားရာမှာ Dang Hoang Giang က ထည့်သွင်းပြောခဲ့တာပါ။

“မြန်မာနိုင်ငံရဲ့ အခြေအနေ အထူးသဖြင့် အမျိုးသမီးတွေ၊ ကလေးငယ်တွေအပေါ် ကြီးမားတဲ့ သက် ရောက်မှုဖြစ်စေတဲ့ ဆိုးရွားသော လူသားချင်းစာနာမှု အကျပ်အတည်းနဲ့ပတ်သက်လို့ ဗီယက်နမ်နိုင်ငံက စိုးရိမ်မိ တယ်” လို့ သူက ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဉပဒေနဲ့အညီ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အ ကူအညီနဲ့ ဆေးဝါးကုသခွင့်ရရှိရေး လုပ်ဆောင်ကြဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဗီယက်နမ်နိုင်ငံက တောင်း ဆိုလိုက်ပါတယ်။

အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို ဗီယက်နမ်နိုင်ငံက ကြိုဆိုခဲ့တဲ့အပြင် မြန်မာ့အရေးဖြေရှင်းဖို့ ကုလသမဂ္ဂနဲ့ အာဆီယံကြား အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံပါတယ်။

အာဆီယံရဲ့ကြိုးပမ်းမှုတွေကို ထောက်ခံဖို့၊ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာ၊ လွတ်လပ်မှုနဲ့ ပိုင်နက် နယ်မြေပိုင်ဆိုင်မှုကို လေးစားသမှုထားပြီး တွေ့ဆုံဆွေးနွေးမှုနဲ့ ပြန်လည်ရင်ကြားစေ့ရေး လုပ်ဆောင်ကြဖို့ ဗီ ယက်နမ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ကျော်ရှိလာတဲ့အချိန်ထိ တိုင်းပြည်တွင်း တည်ငြိမ်မှု မရှိသေးပါဘူး။ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ကတိပြုခဲ့ပေမယ့် ရွေးကောက်ပွဲ အစီအစဉ်တွေ မသတ် မှတ်ရသေးပါဘူး။

မြန်မာစစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်မှာ အရေးပေါ်အခြေအနေ ၆ လ သက်တမ်းတိုးကြောင်း ကြေညာ ခဲ့ပြီး မြို့နယ်ပေါင်း ၄၀ မှာ စစ်အုပ်ချုပ်ရေး သတ်မှတ်ခဲ့ပါတယ်။

ကိုးကား – Vietnam Express
Ref; Vietnam calls for end of violence in Myanmar

#Ayeyarwaddy_Times