ဧရာဝတီတိုင်းမ်
မတ်လ ၁၉ ရက်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ မတ်လ ၁၈ ရက်နေ့က ဒေသခံပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်သားတွေက PDF တပ်ကို ရိက္ခာထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာရောက်ဖမ်းဆီး သွားတယ်လို့ သိရပါတယ်။

ဆင်မှုံချောင်းဖျားကျေးရွာမှာနေထိုင်တဲ့ အမျိုးသား ၂ ဦးကို PDF တွေကို ရိက္ခာထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ စစ်ကောင်စီတပ်သား အင်အား ၂၀ လောက်နဲ့ လာရောက်ကာ ရိုက်နှက်ဖမ်းဆီးသွားတာလို့ ဒေသခံ တွေက ပြောပါတယ်။

“ အင်အားအများအပြားနဲ့လာဖမ်းသွားတယ်လို့ကြားတယ်၊ ဘယ်ကိုဖမ်းသွားလဲတော့မသိဘူး။ လာဖမ်းတဲ့ အချိန် ဝိုင်းရိုက်တာလည်း ရစရာမရှိဘူး။ တော်တော်ဒဏ်ရာများတယ် နှစ်ယောက်လုံး”လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက PDF ထောက်ပို့လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသား ၂ ဦးကို ရိုက်နှက်ဖမ်းဆီး တာတွေပြုလုပ်ခဲ့လို့ ဒဏ်ရာတွေအပြင်းအထန်ရရှိခဲ့သလို ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ အတည်ကျမသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေက ငပုတောမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေ မကြာခဏ ဆိုသလို ပြုလုပ်လေ့ရှိပြီး စစ်ကောင်စီသတင်းပေးတွေ တိုင်တန်းတဲ့သူတွေကို မကြာခဏဆိုသလို ဖမ်းဆီးလေ့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#ငရုတ်ကောင်းမြို့ #ဒေသခံနှစ်ဦး #ဖမ်းဆီးခံရ
#Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…