ဧရာဝတီတိုင်းမ်
မတ်လ ၁၉ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေ-ကျွန်းချောင်း အခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်သည့် ဒေါင်ရင် သွေးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ မတ်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

အသက် ၂၀ အရွယ် ကိုမကျီးနှင့် အသက် ၂၂ နှစ်အရွယ် ကိုရာမတို့သည့် စစ်ဆင်ရေးကိစ္စဖြင့် ဆိုင်ကယ်ဖြင့် ခရီးထွက်သွားရာ လမ်းတွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးဖြတ်လိုက်ပြီး ၎င်းတို့ဖုန်းဖြင့် တပ်ဖွဲ့ထံလိမ်လည်၍ တပ်ကူလာ၍ ကူညီပေးရန် စစ်ကောင်စီတပ်မှခေါ်ယူခဲ့ရာ တပ်ကူ လိုက်သွားသည့် ရဲဘော် ၃ ဦးပါပစ်ခတ်သတ် ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ဆင်ရေးသွားတဲ့ ရဲဘော်ရဲ့ဖုန်းနဲ့ဆက်လာတာ။ သူတို့ဆိုင်ကယ်ဆီပြတ်လို့ လာပို့ပေးပါဦးဆိုပြီး၊ ကျွန် တော်တို့‌သွားတော့ ရွာအ၀င်မှာလည်း စစ်ဖိနပ်ရာမတွေ့ဘူးဆိုတော့ ရွာထဲ၀င်သွားကြတာ။ သူတို့ကိုငါးစာ သဘောမျိုးထားတာ။ သူတို့နဲ့ချိန်းထားတဲ့နေရာမရောက်ခင်မှာ စစ်တပ်က ဝိုင်းပစ်တာ။ ကျွန်တော်တို့မှာ ရိုင်ဖယ်တစ်လက်နဲ့ ခါးချိုးလက်လုပ်တစ်လက်ပဲ ပါတယ်”ဟု တပ်ဖွဲ့ခေါင်းဆောင် ကိုကျော်ကြီးမှ ဧရာ၀တီတိုင်းမ်ကို ‌ပြောသည်။

အကူလိုက်သွားသည့် တပ်ဖွဲ့ခေါင်းဆောင်အပါအ၀င် ရဲဘော် ၇ ဦးတို့သည့် လက်နက် ၂ လက်ဖြင့်သာပါရှိပြီး စစ်ကောင်စီတပ်မှ အင်အား ၅၀ ဖြင့်ဝိုင်းပစ်ခတ်သဖြင့် ရဲဘော် ၃ ဦးကျဆုံးခဲ့​ကြောင်း သိရှိရသည်။

တပ်ဖွဲ့ခေါင်းဆောင်မှ “ချိန်းထားတဲ့နေရာမရောက်ခင် ဆယ်လံရွာကိုဖြတ်တုန်းမှာ ဘုန်းကြီးကျောင်းထဲမှာ ကြိုတင်နေရာယူပြီး စောင့်ပြီးပစ်ခတ်ခံရတာ။ စပစ် ခံရတော့ ဘယ်လိုပြန်ပစ်ရမလဲဆိုတာ မသိတော့ဘူး။ တပ်ဖွဲ့မှာက လက်နက်မရှိဘူး။ သူတို့ကအပိုင်စောင့်ပြီး သတ်ကွင်းထဲခေါ်တာ”ဟု ဆိုသည်။

‌ဒေါင်းရင်သွေးတပ်ဖွဲ့မှ ရဲဘော် ၅ ဦးကို စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ခဲပြီး လွတ်မြောက်လာသည့် ခေါင်းဆောင်အအပါအ၀င် ရဲဘော် ၄ ဦးတို့မှာလည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ရဲဘော်တစ်ဦးမှာ လည်ပင်းတွင်ကျည်ထိမှန်ထားပြီး ခေါင်းဆောင်မှာ ခါးတွင်ကျည်ထိမှန်ခဲ့ပြီး တပ်ဖွဲ့မှ အသက် ၂၆ နှစ်အရွယ် ကိုဒန်ဒန်နှင့် ကို၀မ်းမိုး၊ အသက် ၂၁ နှစ်အရွယ် ကိုမိုးကြီးတို့ ပစ်ခတ်ခံရပြီး ကျဆုံးသွားကြောင်းနှင့် အလောင်းများကို မတ်လ ၁၈ ရက်နေ့ထိ ယူဆောင်၍မရသေးကြောင်း ခေါင်းဆောင်မှ ပြောသည်။

“အလောင်းတွေကိုထားထားပြီးတော့ လာယူမယ့်ရဲဘော်တွေကို စောင့်ပစ်နေတာ။ ငါးစာမျှားထားတဲ့သဘောပဲ။ ကင်းပုန်းတွေချပြီးစောင့်နေတာ။ လက် နက်အင်အားလုံး၀မမျှလို့ခံလိုက်ရတာ”ဟု ဆိုသည်။

#မကွေး #ပခုက္ကူ #ဒေါင်း‌ရင်သွေး #PDF #ဖမ်းဆီးသတ်ဖြတ်ခံရ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…