ဧရာဝတီတိုင်းမ်
မတ်လ ၁၉ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ပေါ် ရပ်ကွက်တွေမှာ မတ်လ ၁၆ ရက်နေ့ ညကစတင်ပြီး ၂ ရက်ဆက်တိုက် နေအိမ်မီးလောင်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“အဓိက ဖြစ်နေတာက မီးလာတဲ့အချိန်မှာ မီးအားသွင်းကြတာ။ အပူရှိန်များပြီးနေအိမ် ဝါယာကြိုးကတစ်ဆင့်လောင်ကြတာ များနေတယ်။ လျှပ်စစ်မီးက မှန်မှန်မလာတော့ သတိထားရမယ်။ ပုသိမ်မှာ နေ့တိုင်း မီးလောင်နေတယ်။ တစ်ရက်ခြား မြို့ခံတွေနဲ့ ပရဟိတရေသယ်ကားတွေကောင်းလို့သာ ကြီးကြီးမားမားမလောင်တာ” လို့ ပုသိမ်မြို့ခံ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောပါတယ်။
ပုသိမ်မြို့မှာ မတ်လ ၁၆ ရက်နေ့ ည ၈နာရီခွဲအချိန်မှာ အမှတ်(၆)ရပ်ကွက်၊ နှစ်ထောင်တန် (၂) လမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခြံတစ်ခုထဲမှာ ဆောက်လုပ်ထားတဲ့ သစ်သားနေအိမ် ၂ လုံး ပျက်စီးဆုံးရူံးခဲ့ရပြီး မတ်လ ၁၈ ရက်နေ့ ည ၇ နာရီခွဲအချိန်မှာ အမှတ်(၂)ရပ်ကွက်၊ လယ်တီ (၃)လမ်းက နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ယခုမီးလောင်မှုမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ ၂၀၂၃ ခုနှစ်အတွင်း ဇန်နဝါရီလ ၁၅ ရက်နေ့က ဇန်နဝါရီလ ၁၅ ရက်နေ့က အမှတ်(၃)ရပ်ကွက်၊ ကန်ပတ်လမ်းမှာ လူနေအဆောင်တစ်လုံး မီးလောင်ခဲ့ပြီး နောက်ပိုင်း မတ်လအတွင်း ၂ရက်အတွင်းမှာ ဆက်တိုက် မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ မီးသတ်တပ်ဖွဲ့ဆီကနေသိရပါတယ်။
- #ပုသိမ် #မီးလောင် #ဆက်တိုက် #၃ရက် #၂ကြိမ်
#Ayeyarwaddy_Times