ဧရာဝတီတိုင်းမ်
မတ်လ ၁၉ ရက်
ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ မြန်မာနိုင်ငံမှာ လုံခြုံမှုမရှိသေးပေမယ့် ရိုဟင်ဂျာတွေနဲ့ နေရပ်ပြန်ရေး ဆွေး နွေးဖို့ မြန်မာစစ်ကောင်စီတာဝန်ရှိသူတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ကူညီခဲ့တယ်လို့ ကုလသမဂ္ဂ အရာရှိနှစ်ဉီးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတစ်သန်းဝန်းကျင်ကို လက်ခံထားရပြီး အများစုက ၂၀၁၇ ခုနှစ် စစ်တပ် ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အိမ်နီးချင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာတွေ ဖြစ်ပါတယ်။
ရိုဟင်ဂျာတွေကို နေရပ်ပြန်လည်ပို့ဆောင်ရေး တွေ့ဆုံမေးမြန်းဖို့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဝန် ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဉီး ဉီးဆောင်တဲ့ အဖွဲ့ဝင် ၁၇ ဉီးပါ အဖွဲ့ဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း နယ်စပ်မြို့ တက်ကနက်ခ်သို့ ရောက်ရှိလာခဲ့ပါတယ်။
မြန်မာအာဏာပိုင်တွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကြား အပြန်အလှန်ဆက်သွယ်နိုင်ဖို့ စစ်ကောင်စီ တာ ဝန်ရှိသူတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်ဖို့ ကူညီပေးခဲ့တယ်လို့ မြန်မာနိုင်ငံရှိ UNHCR ပြောရေးဆိုခွင့်ရှိသူ တစ်ဉီးက ပြောပါတယ်။
စစ်ကောင်စီ တာဝန်ရှိသူတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်ဖို့ UNHCR နဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအ စဉ် (WFP) က စက်လှေတွေ ကူညီပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုလသမဂ္ဂ အကြီးတန်း တာဝန်ရှိသူတစ် ဉီးက ပြောပါတယ်။
“အာဏာသိမ်းစစ်ကောင်စီ တာဝန်ရှိသူတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်နိုင်ဖို့ UNHCR နဲ့ WFP က စက်လှေတွေ ကူညီပေးခဲ့တယ်ဆိုတာ ကျွန်တော် အတည်ပြုနိုင်ပါတယ်” လို့ အမည်မဖော်လိုတဲ့ အဆိုပါ ကုလသ မဂ္ဂ တာဝန်ရှိသူက ဆိုပါတယ်။
ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ UNHCR ကိုယ် စားလှယ် ဂျွန်ဟန်နက်စ်ဗန်ဒါကလူးက ဒီလအတွင်း ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်လည်ပို့ဆောင်ရေး ဆွေးနွေးမှုတွေမှာ ကုလသ မဂ္ဂ အဖွဲ့အစည်းတွေ မပါဝင်ဘူးလို့ သူက ဆိုပါတယ်။
စစ်ကောင်စီ တာဝန်ရှိသူတွေရဲ့ မေတ္တာရပ်ခံချက်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်မယ့် ခရီးစဉ် အတွက် ကုလသမဂ္ဂက စက်လှေတွေ စီစဉ်ပေးခဲ့ပြီး ခရီးစဉ်မတိုင်မီ ကုလသမဂ္ဂ အမှတ်အသားတွေကို ဖယ်ရှားခဲ့ တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ UNHCR ဌာနေ ညှိနှိုင်းရေးမှူးရဲ့ ပေါက်ကြားလာတဲ့ အီးမေးလ်တစ်စောင်အရ သိရပါ တယ်။
ကိုးကား – AFP