ဧရာဝတီတိုင်းမ်
မတ်လ ၁၉ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီတပ်က သင်္ကြန် စည်ကားအောင်အတွက် လက်အောက်ခံဌာနဆိုင်ရာ ဝန်ထမ်းတွေကို ဖိအားပေးစေခိုင်းထားတယ်လို့ သိရပါတယ်။
သင်္ကြန်စည်ကားအောင်ပြုလုပ်ဖို့အတွက် ဌာန ၁ ခုကို မဏ္ဍပ်တစ်ခုမဖြစ်မနေထိုးခိုင်းထားတာကြောင့် ဌာနဆိုင်ရာတွေက ဒေသခံတွေကို အလှူငွေ အတင်းကြပ်ကောက်ခံတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ကောက်တာကတော့ ဌာနတော်တော်များများလာကောက်တယ်၊ ရဲ၊ မီးသတ်၊ စည်ပင်၊ ဒါကတော့ အေးဓါးမြ တိုက်သလိုပဲ ကောက်တာ၊ အဲ့အထဲမှာ ပိုဆိုးတာက စည်ပင်ပဲ၊ ကျွန်တော်တို့ဆိုင်ဆို ၃ သောင်းထိကောက်တာ၊ ဆိုင်ကြီးတွေဆိုရင်တော့ စဉ်းစားသာကြည့်တော့ ဘယ်လောက်ကောက်မယ်ဆိုတာ၊ ခုက အမိန့်ရ ဓါးမြအဖွဲ့တွေလို ဖြစ်လာတာ”လို့ ဒေသခံဈေးဆိုင်ဖွင့်ထားသူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီက တိုင်းမြို့တော်ဖြစ်တဲ့ ပုသိမ်မြို့မှာ သင်္ကြန်ကို စည်ကားအောင်ကျင်းပရမယ်ဆိုတဲ့ ညွှန်ကြား ချက်ကြောင့် ဌာနဆိုင်ရာအများစုဟာ ဒေသခံလုပ်ငန်းရှင်တွေကို အလှူငွေလိုက်ကောက်နေပြီး စည်ပင် ကတော့ လမ်းဘေးဈေးဆိုင်တွေကို ၂ ထောင်ကောက်ပြီး ဈေးဆိုင်အကြီးတွေကို ၃ သောင်းထိကောက်ခံ တာမျိုး ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့ဟာ တိုင်းဒေသကြီးရဲ့ မြို့တော်ဖြစ်တာကြောင့် ဌာနဆိုင်ရာအားလုံး သင်္ကြန်မဏ္ဍပ်တစ်ခုစီမဖြစ်မနေ ဆောက်ခိုင်းထားပြီး ရပ်ကွက်တိုင်းကိုတော့ ယိမ်းအဖွဲ့တစ်ခုစီ မဖြစ်မနေထွက်ခိုင်းထားတယ်လို့ စစ်ကောင်စီ တပ်နဲ့နီးစပ်တဲ့အသိုင်းဝိုင်းက သိရပါတယ်။
#ပုသိမ်မြို့ #စည်ပင် #သင်္ကြန်အလှူငွေကောက်
#Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။