ဧရာဝတီတ်ိုင်းမ်
ဇူလိုင်လ ၁၀ ရက်

မကွေးတိုင်း၊ NUG အစိုးရ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ဆိုင်ရာ ၀န်ကြီးဌာန၏ ဂန့်ဂေါခရိုင်တာ၀န်ခံနှင့် ထီးလင်းမြို့နယ်တာ၀န်ခံ ၊ထီးလင်းမြို့နယ် ကြားကာလအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ People’s Defence Force – Htilin (YRPA)မှ Medical Teamအဖွဲ့၀င်များမှ စစ်ဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ကြောင်းထီးလင်း PDF ကထုတ်ပြန်သည်။

စစ်ရှောင်နေကြသည့် စစ်ဘေးရှောင်ပြည်သူများကိုတတ်နိုင်သည့်ဘက်မှ ဝိုင်း၀န်းကူညီ ပံ့ပိုးပေးကြဖို့ကိုလည်း PEOPLE DEFENCE FORCE-HTILIN(YRPA) ကထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။

ဓာတ်ပုံ-PEOPLE DEFENCE FORCE-HTILIN(YRPA)