
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၀ ရက်
စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ခန္တီးခရိုင်အတွင်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအားလုံး နှုတ်ထွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ခန္တီးခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ရက်စွဲနဲ့ ညွှန် ကြားချက်ထုတ်ပြန်လိုက်ပါတယ်။
ခန္တီးခရိုင်အတွင်း စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အဆင့်ဆင့်သော အုပ်ချုပ်ရေးတာဝန်ယူနေသူအားလုံး ဇူလိုင် ၁၀ ရက် ဒီကနေ့ကစလို့ ၁၀ ရက်အတွင်း ရာထူးတာဝန်မှ စွန့် ခွာကြဖို့နဲ့ နယ်မြေကနေ စွန့်ခွာကြရမယ်လို့ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တ ရားကို ဖယ်ရှားပြီး ပြည်သူ့အုပ်ချုပ်ရေးအာဏာကို ထူ ထောင်နေပြီဖြစ်ကာ NUG အစိုရးမှကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်တယ်လို့သိရပါတယ်။
ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ စစ်ကောင်စီရဲ့ယန္တရားမှာ ဆက်လက်ပါဝင်နေမယ်ဆိုရင် ပြည်သူ့အသက်၊ အိုးအိမ်စည်းစိမ်ကို နှောက်ယှက်ဖျက်ဆီးသူတွေလို့သတ်မှတ်ပြီး ပြင်းထန်စွာ အရေးယူ ဆောင်ရွက်မယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။