ဧရာဝတီတိုင်းမ်
နေပြည်တော်၊ ဇူလိုင်လ ၁၀ ရက်

ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၄၅/၂ နားမှာ ဇူလိုင်လ ၁၀ ရက်နေ့ မနက်အစောပိုင်းက ခရီးသည်တင်ကား ၁ စီး ချောက်ထဲထိုးကျမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်ကနေ မန္တလေးကို မောင်နှင်းလာပြီး လူ ၁၁ ဦးလိုက်ပါလာတဲ့ “ရွှေလရောင်” ခရီးသည်တင်ကားဟာ မနက် ၆ နာရီ ၂၀ လောက်မှာ တံတားဘေးက ချောက်ထဲထိုးကျခဲ့တာလို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ကားပေါ်မှာ အမျိုးသား ၇ ဦး အမျိုးသမီး ၄ ဦးလိုက်ပါလာတာဖြစ်ပြီး ကားထဲညှပ်နေတဲ့လူကို အမြန်လမ်း မီးသတ်တပ်ဖွဲ့က ကူညီကယ်ဆယ်ပေးခဲ့တာကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ ဆိုပါတယ်။

ကားချောက်ထဲထိုးကျမှုကြောင့် သေဆုံးခဲ့သူနဲ့ ဒဏ်ရာရရှိတဲ့သူတွေကို ပဲခူးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။