နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဆားလင်းကြီး)၊ မတ်လ ၁၉ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ မတ်လ ၁၇ ရက်နေ့က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဖမ်းဆီးသွားတဲ့ ဒေသခံ ၉ ဦးဟာ မိသားစုနဲ့ အဆက်သွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။
ဝဲကွဲကျေးရွာက ဒေသခံ ၄ ဦးနဲ့ လက်ပံတောင်းကျေးရွာက ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီး သွားပြီးနောက်ပိုင်း မိသားစုဝင်တွေက အဆက်သွယ်မရတော့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ ဖမ်းဆီးခံရတဲ့သူတွေက နိုင်ငံရေးလုပ်တဲ့သူတွေလည်းမဟုတ်ဘူး၊ စစ်ကြောင်းထိုးလို့ ပြေးရင်း လွှားရင်း အဖမ်းခံရတာ၊ ဖမ်းသွားထဲက ခုထိ အဆက်သွယ်မရတော့တာ”လို့ မိသားစုဝင် အသက် ၅၀ အရွယ် အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားတဲ့ ဒေသခံ ၉ ဦးဟာ နိုင်ငံရေးနဲ့သက်ဆိုင်သူတွေမဟုတ်သလို ပြေးလွှားရင်း အဖမ်းခံရတာကြောင့် မိသားစုဝင်တွေအနေနဲ့ စိတ်ပူနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်း ၅ ကြောင်းလောက်နဲ့ နေ့စဉ်စစ်ကြောင်းထိုး မီးရှို့တာတွေပြုလုပ်နေတာကြောင့် ဒေသခံပြည်သူ ၅၀၀၀ ကျော်လောက်မှာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။
#ဆားလင်းကြီး #ဒေသခံကိုးဦး #ဖမ်းဆီးခံရ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…