ဧရာဝတီတိုင်းမ်
မတ်လ ၁၉ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မတ်လ ၁၈ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲများ စစ်ဆေးရေးဂိတ်ကအပြန်မှာ ခြုံခိုတိုက်ခိုက်ခံရပြီး ရဲ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးရေးဂိတ်ကနေ ညနေ ၆ နာရီကျော်လောက်ပြန်လာချိန်မှာ မျောက်ကုန်းကနေ ခြုံခိုတိုက်ခိုက်ခဲ့ တာကြောင့် ရဲ ၃ ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ မျောက်ကုန်းကနေ စောင့်တိုက်တာ၊ ရဲတပ်ရင်းကရဲတွေက စစ်ဆေးရေးဂိတ်ကနေပြန်လာတာ ဝိုင်းပစ်တာ ၃ ယောက်ထိသွားတယ်၊ စကစတပ်ဘက်ကတော့ ရမ်းသမ်းပစ်တာမျိုးရှိတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ငြိမ်းချမ်းကားကြီးဝင်းထဲမှာနေထိုင်တဲ့ ပြည်သူ ၇ ဦးလောက် ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ရင်းက ရဲ တွေ ခြုံခိုတိုက်ခိုက်ခံရပြီးနောက်ပိုင်း မျောက်ကုန်းရဲတပ်ရင်း၊ လုံးခင်းရဲစခန်း၊ ယမ်းချက်၊ နှစ်မျက်နှာဘုရား စတဲ့နေရာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ရမ်းသမ်း ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မှော်မောင်လျှံဘက်ကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ငြိမ်းချမ်းသာယာ ကားကြီးဝင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။
#ဖားကန့် #စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ #တိုက်ခိုက်ခံရပြီး #ရဲသုံးဦးသေဆုံး #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။