ဧရာဝတီတိုင်းမ်
(မြေပုံ)၊ မတ်လ ၁၈ ရက်
ရခိုင်ပြည်၊မြေပုံမြို့နယ်၊ယောချောင်း တံတားပေါ်မှဖြတ်သန်းသွားလာနေတဲ့ ကုန်ကားတွေကို အဲတံတားအဝင်မှာစောင့်နေတဲ့ စစ်ကောင်စီတွေဟာ ငွေကြေးကောက်ခံမှုတွေပြုလုပ်နေတယ်လို့ ရခိုင်သွားပြည်သူတွေက ပြောပါတယ်။
အဲဒီလိုကောက်ခံမှုတွေပြုလုပ်နေတာဟာ ဒီလဆန်းကတင်ပြုလုပ်နေတာဖြစ်ပြီး ကုန်တင်ကားတစ်စီးကို ကျပ်သုံးသောင်းအထိကောက်ခံနေတယ်လို့ ကုန်ကားဆရာတွေက ဆိုကြပါတယ်။
“အရင်ကမကောက်ဘူး။ခုလကနေစလို့ကောက်တာ။ကုန်တင်ကားတစ်စီးကို သုံးသောင်းပေးရတယ်။”လို့ ကားဆရလ ၁၈ာတစ်ဦးက ပြောပါတယ်။
ခုလိုကောက်ခံမှုကို မြေပုံမြို့နယ်ရှိ ဗျူဟာမှူးထိုင်တဲ့စခန်းမှ တပ်သားတွေက ကောက်ခံနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်ကောင်စီရဲ့တံတားအဝင်မှာ ငွေကြေးကောက်ခံမှုကြောင့် ခရီးသွားအချိန်ကြန့်ကြာမှုရှိသလို စိတ်အနှောက်အယှက်ဖြစ်ရတယ်လို့ ခရီးသွားတွေက ဆိုကြပါတယ်။
“ကုန်ကားတင်မဟုတ်ဘူး။ခရီးသည်ကားတွေဆိုလည်း စစ်တာအချိန်အကြာကြီးပဲ။တော်တော်စိတ်အနှောက်ဖြစ်ရတယ်။”လို့ ခရီးသွားပြည်သူတစ်ဦးက ဆိုပါတယ်။
ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတို့ကြား ယာယီအပစ်ရပ်ထားပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်သူတွေရဲ့ လွတ်လပ်စွာကုန်သွယ်သွား လာခြင်းတွေအပေါ်မှာ တင်းကြပ်စစ်ဆေးတာတွေ ငွေကြေးကောက်ခံမှုတွေ ပိုမိုလုပ်ဆောင်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း အမ်းမြို့နယ်က စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးကောက်ခံမှုတွေ တင်းကြပ်စစ်ဆေးတာတွေ ရှိခဲ့ပါတယ်။
(ဓာတ်ပုံ-အမ်းရှိစစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခု/BNA)
(ဓာတ်ပုံ-ရခိုင်စစ်ပွဲပထမကာလ ၂၀၂၀ပြည့်နှစ်၊မတ်လက မြန်မာစစ်တပ်ရဲ့တပ်မ ၅၅ မှဖမ်းဆီးသတ်ဖြတ်မီးရှို့ထားခဲ့တဲ့ မင်းပြားမြို့နယ်၊ဖားပြိုကျေးရွာသားတစ်ဦး/BNA)