ဧရာဝတီတိုင်းမ်
မတ်လ ၁၈ ရက်
ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ရှေ့ဆက်လုပ်ဆောင်ရေး မြန်မာစစ်တပ်ကို တွန်းအားပေးဖို့ အင် ဒိုနီးရှားနဲ့ စင်ကာပူခေါင်းဆောင်တွေက ထပ်လောင်းအတည်ပြုလိုက်ပါတယ်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ လက်ရှိမှာ အဖွဲ့ဝင်ဆယ်နိုင်ငံပါ အာဆီယံအဖွဲ့ရဲ့ ဉက္ကဌဖြစ်ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဒေသတွင်းရေးရာကိစ္စရပ်တွေ ဆွေးနွေးဖို့ သမ္မတ ဂျိုကိုဝီက ဝန်ကြီးချုပ် လီရှန်လွန်းနဲ့ စင် ကာပူမှာ တွေ့ဆုံခဲ့ပါတယ်။
ခေါင်းဆောင်နှစ်ဉီး တွေ့ဆုံချိန်မှာ မြန်မာ့အရေးကို ဉီးစားပေး ဆွေးနွေးခဲ့ပါတယ်။ အာဆီယံအဖွဲ့နဲ့ မြန် မာစစ်တပ်ကြား လွန်ခဲ့သောနှစ်နှစ်နီးပါးက သဘောတူခဲ့တဲ့ အချက် ၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ် ဖော်ဆောင် ရာမှာ တိုးတက်မှုအနည်းငယ်သာရှိခဲ့တယ်လို့ ခေါင်းဆောင်နှစ်ဉီးက ပြောပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်မှာ အကြမ်းဖက်မှုတေွ ချက်ချင်း ရပ်တန့်ဖို့နဲ့ မြန်မာ့အရေးမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားပါတယ်။
“ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဆောင်မှု တိုးတက်ဖို့ အင်ဒိုနီးရှားနိုင်ငံက တွန်းအား ပေးမှာဖြစ်သလို အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့အပြင် တင်းမာမှုတွေ၊ အကြမ်းဖက်မှုတွေ လျော့ချဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်” လို့ အစည်းအဝေးအပြီးမှာ ဂျိုကိုဝီက ပြောပါတယ်။
“ဘုံသဘောတူညီချက် ၅ ရပ် အပြည့်အဝ ဖော်ဆောင်ရေး အင်ဒိုနီးရှား၊ အာဆီယံနဲ့ ကုလသမဂ္ဂလိုမျိုး မိတ်ဖက်နိုင်ငံတွေနဲ့ စင်ကာပူက ဆက်လက်လက်တွဲမှာဖြစ်ပါတယ်” လို့ လီရှန်လွန်းက ပြောပါတယ်။
အင်ဒိုနီးရှားနဲ့စင်ကာပူက မြန်မာစစ်တပ်နဲ့ပတ်သက်လို့ တင်းမာတဲ့ သဘောထားတစ်ရပ် ရှိပေမယ့် အ ခြား အာဆီယံနိုင်ငံတွေက မြန်မာ့အရေးနဲ့ပတ်သက်လို့ ပြန်လည်ရင်ကြားစေ့လိုတဲ့ နည်းလမ်းတစ်ရပ်ကို ပိုနှစ် သက်ပါတယ်။
ကိုးကား – NHK
Ref; Indonesia, Singapore leaders urge Myanmar to implement peace plan