ဧရာဝတီတိုင်းမ်
မတ်လ ၁၈ ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက်ရှိ စစ်ဆေးရေးဂိတ်အား Buffalo Soldiers Freedom Force အဖွဲ့က မတ်လ ၁၇ ရက်နေ့ နေ့လည်၁၂နှာရီ ဝန်းကျင်တွင် တိုက်ခိုက်ရာ ပျူစောထီး၂ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်း ၅ယောက်ခန့်ရှိပြီး ဖြတ်သန်းသွားလာသည့် ကားများအပါဝင် ပြည်သူတွေဆီမှ ဆက်ကြေးကောက်နေသော စစ်ဆေးရေးဂိတ်ဖြစ်ပြီး ဇန်နဝါရီလကတည်းက သတိပေးစာထုတ်ပြန်သော်လည်း ဆက်လက်လုပ်ဆောင်နေသောကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း Buffalo Soldiers Freedom Force အဖွဲ့ထံမှသိရသည်။
“ကျွန်တော်တို့က ပထမအကြိမ်မိုင်းခွဲပြီးသတိပေးခဲ့ပေမယ့် အခုက ပြန်ပြီးလုပ်ဆောင်နေလို့ ထပ်ပြီးတိုက်ခိုက်ရတာပါဗျ၊ပျူစောထီး၂ယောက်သေပြီး စစ်ထောက်လှမ်းရေးလို့ယူဆရသူ ၁ ဦးလဲထိခိုက်ဒဏ်ရာရတယ်လို့သိရတယ်”ဟု Buffalo Soldiers Freedom Forceအဖွဲ့ခေါင်းဆောင် ကိုကျွဲကြီးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ချိန်တွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများမှ ပြန်လည် ပစ်ခတ်နိုင်ခြင်းမရှိသဖြင့် အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
Buffalo Soldiers Freedom Force အဖွဲ့မှာ ဒေသတွင်းတော်လှန်ရေးအဖွဲ့ဖြစ်သဖြင့် မစ်ရှင်များ ဖော်ဆောင်ရာတွင် လက်နက်အင်အားမလုံလောက်မှုကြောင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးဖို့နှင့် စစ်ကောင်စီနဲ့ဝေးရာမှာနေပေးကြဖို့အတွက်လည်း တိုက်တွန်းပြောဆိုထားသည်။
#ရွှေဘိုမြို့ #စစ်ဆေးရေးဂိတ် #ပစ်ခတ်ခံရ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။