ဧရာဝတီတိုင်းမ်
မတ်လ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်တွင် ရှေ့ပြေးထွက်လာသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့များက မတ်လ ၁၇ ရက် မနက် ၉ နာရီဝန်းကျင်၌ တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကြောင်းသတင်းရရှိသည်။

ခင်ဦးမြို့နယ်အနောက်ခြမ်း အင်းပတ်ကွေ့တွင် အထိုင်ချထားသော စစ်ကောင်စီနှင့်ရွာသစ်ကုန်းပျူစောထီး ပူးပေါင်းအဖွဲ့ အင်အား ၄၀ ခန့်သည် ညောင်ပင်ခြံကျေးရွာနှင့် ဆည်ကြီးကျေးရွာများကို လက်နက်ကြီးဖြစ် ပစ်ခတ်ဝင်ရောက်ကာ ရွာထဲရှိ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ လုယက်ပြီး ပြန်လာရာ ရှေ့ပြေးထွက်လာသော စစ်ကောင်စီတပ်ကို ပစ်ခတ်ခဲ့ကြောင်း Khin U Specialforce Organization-KSO အဖွဲ့ထံမှ သိရသည်။

“သူတို့က ရေဦး-ညောင်ပင်ကြီးစု ကားလမ်း အရှေ့ဘက်ရှိ အင်းပတ်ကျေးရွာ၏ အနောက်တောလမ်းတစ်လျှောက်မှ ညောင်ပင်ခြံကျေးရွာ နှင့် ဆည်ကြီးကျေးရွာတို့အတွင်း လက်နက်ကြီးငယ် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်ပစ္စည်း များ မတရားခိုးယူဆောင်၍ ပြန်လာသော ရှေ့ပြေးတက်လာ‌ သောစစ်ကောင်စီ၄ဦးကို အောင်ချမ်းသာ(ခ)ချမ်းသာကုန်းကျေးရွာနှင့်အင်းပတ်ကွေ့ကြားတွင် ၁၀ မိနစ်ခန့် တိုက်ခိုက်တာ ၂ဦးပွဲချင်းပြီး သေသွားတာကို ကျန်တဲ့နှစ်ယောက်က ထမ်းပြီးပြေးသွားတယ်၊နောက်က ပါလာတဲ့စစ်ကောင်စီတပ်နဲ့ရေဦးမြို့ တိုင်းရင်းဆေးရုံရှိ စစ်ကောင်စီတပ်များက ၄၀မမ၊၈၀ မမ များဖြစ် ကူပစ်ပေးကြတယ်။ကျွန်တော်တို့ ကာကွယ်ရေးပူးပေါင်းအဖွဲ့များက အထိခိုက်မရှိဘဲ ဆုတ်ခွာနိုင်ကြတယ်”ဟု Khin U Specialforce Organization KSOအဖွဲ့ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီက ရှုံးမဲမဲပြီး ပြည်သူတွေကို ပိုပြီးအကြမ်းဖက်ပြီး ရက်စက်လာတဲ့အတွက်ကြောင့် ပြည်သူတွေက ကာကွယ်ရေးအဖွဲ့နဲ့အတူ အရင်ကထက် ပိုမိုစည်းလုံးပြီး ဘက်ပေါင်းစုံကနေ ဝိုင်းဝန်း ကူညီပေးကြပါဟု၎င်းကဆက်လက်ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် Khin U Specialforce Organization-KSO အဖွဲ့နှင့်အတူမြို့နယ် ပကဖ၊မြို့နယ်တပ်ရင်းများ၊အခြားမဟာမိတ်အဖွဲ့များဖြစ်သောLDFများပါဝင်တိုက်ခိုက်ခဲ့ကြောင်း KSO အဖွဲ့ထံမှသိရသည်။

#Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…