ဧရာဝတီတိုင်းမ်
မတ်လ ၁၈ ရက်

မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို နိုင်ငံရေးအရ အဖြေရှာဖို့ အလားအလာမရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး နိုလန်းဟေဇာက ပြောကြားလိုက်ပါတယ်။

“နှစ်ဘက်စလုံးက အင်အားသုံးဖို့ ရည်ရွယ်တာကြောင့် မြန်မာ့အရေးကို နိုင်ငံရေးအရ အဖြေရှာဖို့ အလား အလာမရှိပါဘူး” လို့ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ရှင်းလင်းတင်ပြပွဲမှာ နိုလန်းဟေဇာက ပြောပါတယ်။

“ဖေဖော်ဝါရီလ ၁ ရက်မှာ မြန်မာစစ်တပ်က အရေးပေါ်အခြေအနေ သက်တမ်းတိုးခဲ့ပြီး အာဏာချုပ်ကိုင် ဖို့ လေကြောင်းတိုက်ခိုက်မှု၊ အရပ်ဘက်အခြေခံအဆောက်အအုံတွေကို မီးရှို့တာ၊ လူ့အခွင့်အရေး ချိုးဖောက်တာ တွေ အပါအဝင် အင်အားသုံးဖြေရှင်းတာ အရှိန်မြှင့်လာခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

“မြန်မာနိုင်ငံက တံခါးဖွင့်လှစ်ခဲ့တာကြောင့် အကျိုးဖြစ်ထွန်းခဲ့တဲ့ လူငယ်တွေဟာ အခက်အခဲတွေ ရင် ဆိုင်နေရပြီး ရွေးချယ်စရမရှိတာကြောင့် စစ်အုပ်ချုပ်ရေးကိုတွန်းလှန်ဖို့ လက်နက်စွဲကိုင်ရပါတယ်” လို့ သူက ပြော ပါတယ်။

အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းသော အနာဂတ်တစ်ရပ် ရှာဖွေမယ့်နည်းလမ်းကို ထောက်ခံရ မယ်ဆိုတဲ့ သတင်းစကားတစ်ရပ် ပေးပို့ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို နိုလန်းဟေဇာက တိုက်တွန်းလိုက်ပါ တယ်။

မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံက ဉီးဆောင်မှာဖြစ်ပြီး ဘုံသဘောတူညီချက် ၅ ရပ်ကို အချိန်ကာ လတစ်ရပ်အတွင်း အကောင်အထည်ဖော်ရမယ့် ခိုင်မာတဲ့ခြေလှမ်းတွေ ရှိရမယ်လို့ သူက ဆိုပါတယ်။

မြန်မာ့အရေးကို အာဆီယံတစ်ဖွဲ့ထဲ မဖြေရှင်းနိုင်ဘဲ ဒေသဆိုင်ရာ ချည်းကပ်နည်းတစ်ခုအပြင် ပိုမိုပြင်း ထန်တဲ့၊ မဟာဗျူဟာမြောက် နိုင်ငံတကာ အရေးယူမှုတွေ လိုအပ်တယ်လို့ နိုလန်းဟေဇာက ပြောပါတယ်။

သူနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီတို့ဟာ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုရှိကြတယ် လို့ နိုလန်းဟေဇာက ဆိုပါတယ်။ အင်ဒိုနီးရှားဟာ လက်ရှိ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌဖြစ်ပါတယ်။

ကိုးကား – VOA
Ref; UN Envoy Sees ‘No Prospect’ for Political Settlement in Myanmar

#Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…