ဧရာဝတီတိုင်းမ်
မတ်လ ၁၇ ရက်

ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုရာအုပ်စုတွင် မတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် နယ်မြေကျူးကျော်လာသည့်စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်‌ေရးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းLion Battalion Commando Special Forceမှ ထုတ်ပြန်ထားသည်။

မကျည်းကလပ်ရွာနှင့် ကော့ကမာကျေးရွာကြား၌ စစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်း၊တပ်မများဖြစ်သည့် ၅၅၇၊ ၂၀၈၊ ၂၀၉ (BE မိုင်းရှင်းလင်းရေးတပ်)မှဒုဗိုလ်မှူးကြီးကျော်ဇေယျ ဦးဆောင်သည့် အင်အား ၂၀၀ ကျော်ပါစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၄၀ကျော်သေဆုံးခဲ့ပြီး ၃၀ ကျော်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နယ်မြေကျူးကျော်လည့်စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်မှု ၂ နာရီဝန်းကျင်ဖြစ်ပွားခဲ့ပြီး
စစ်ကောင်စီဘက်မှ ကစဉ့်ကလျားဆုတ်ခွာခဲ့ရပြီး မြစ်၊ ချောင်း၊ ကျေးရွာများအတွင်း၌ ၎င်းတို့၏ရဲဘော်အလောင်းများအား အလွယ်တကူစွန့်ပစ်ခဲ့ကြောင်းလည်းသိရသည်။

အဆိုပါတိုက်ပွဲအား နယ်မြေလုံခြုံရေးယူထားသည့် Lion Battalion Commando Special Force စစ်ကြောင်း၊ KNU/KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းများ၊ ARMS (Army Representing Myanmar Society) Drone တပ်ဖွဲ့၊ SDDF (Saw Dragon Drone Force) တပ်ဖွဲ့ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး နယ်မြေရှင်းလင်းရေးများဆောင်ရွက်လျက်ရှိပြီး ကော်သူးလေ အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ပြည်သူများအနေဖြင့် ခရီးသွားလာခြင်းများကို အထူးဂရုပြု၍ သွားလာကြရန်လည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

#ကြာအင်းဆိပ်ကြီး #တိုက်ပွဲ #Lion Battalion Commando Special Force #KNLA #PDF #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…