နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ မတ်လ ၁၇ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ မတ်လ ၁၅ ရက်နေ့က မြေတူးထားတဲ့ ချိုင့်ထဲ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦး ပြုတ်ကျပြီး ရေနစ်သုံးဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကျွဲဒုံးကျေးရွာမှာ နေထိုင်တဲ့ ဦးဘိုဘိုထွန်းရဲ့ သားဖြစ်သူ အသက် ၆ နှစ်အရွယ်ကလေးငယ်ဟာ မနက်ပိုင်းက အိမ်ကပျောက်ဆုံးသွားလို့ လိုက်ရှာရာကနေ ညနေ ၃ နာရီမှာ မြေတူးထားတဲ့ ချိုင့်ထဲမှာ ရေနစ်သေဆုံးနေတာကို ပြန်လည်တွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ မနက်ထဲက ဆော့ဖို့ထွက်သွားပြီး ထမင်းပြန်လာမစားလို့ လိုက်ရှာကြတာ၊ ရွာနဲ့မလှမ်းမကမ်းက မြေတူးထားတဲ့ မြောင်းထဲမှာ သေနေတာကို ပြန်တွေ့တာ”လို့ အသက် ၃၀ ကျော်အရွယ် ဒေသခံ အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ကလေးငယ်တွေကို ခုလိုမျိုး တခြားသူတွေလည်း လွှတ်ပြီး ဆော့ခိုင်းထားတာကြောင့် ထမင်းစားချိန်ရောက်လို့ ပြန်မလာမှ လိုက်ရှာရင်း အချိန်နောက်ကျသွားလို့ ခုလိုမျိုး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

မိဘတွေအနေနဲ့လည်း မိမိသားသမီးတွေကို ငယ်ရွယ်သေးတဲ့အရွယ်မှာ ကားလမ်း၊ ရေမြောင်းနဲ့ ကမ်းပါးတွေရှိတဲ့ ဒေသတွေမှာ မိဘ မျက်လုံးအောက်ကနေ လွှတ်မထားသင့်ဘူးလို့ မိဘတွေက ပြောဆိုပါတယ်။

#မအူပင်မြို့ #ကလေးငယ် #ရေနစ်သေဆုံး #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…