ဧရာဝတီတိုင်းမ်
မတ်လ ၁၇ ရက်

မြန်မာနိုင်ငံက အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့၊ ဆွေးနွေးမှုတွေ တိုးမြှင့်ဖို့၊ နားလည်မှုတိုးမြှင့်ပြီး သ ဘောထားကွဲလွဲမှုတွေ ကျဉ်းမြောင်းဖို့ အာဆီယံနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အနေနဲ့ ဗီယက်နမ် နိုင်ငံက အာဆီယံ၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ပြုလုပ်မယ်လို့ ကုလ သမဂ္ဂဆိုင်ရာ ဗီယက်နမ် အမြဲတမ်းကိုယ်စားလှယ်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်နှစ်အတွင်း အခြေအနေက တိုးတက်လာတာမရှိဘဲ အမျိုးသမီးတွေနဲ့ ကလေးတွေကို ကြီးမား စွာ သက်ရောက်စေခဲ့တဲ့ စီးပွားရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းဖြစ်စေခဲ့တဲ့ မြန်မာ့အရေးနဲ့ပတ်သက် လို့ စိုးရိမ်မိတယ်လို့ မတ်လ ၁၆ ရက်က နယူးယောက်မြို့တော်မှာကျင်းပတဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အ ထွေထွေညီလာခံ အလွတ်သဘောအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး ဒန်ဟောင်ဂီယန် က ပြောပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စိတ်ရှည်သည်းခံမှုကျင့်သုံးပြီး အကြမ်းဖက်မှုရပ်တန့်ကာ မြန်မာပြည် သူတွေနဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော တာရှည်ခံသော အဖြေရှာဖို့ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု တွေ စတင်ဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။

အာဆီယံခေါင်းဆောင်တွေ သဘောတူညီခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ထိရောက်စ္ာ အပြည့်အဝ ဖော်ဆောင်ဖို့၊ လူသားချင်းစာနာမှုအကူအညီ ပေးအပ်ခွင့်ပြုဖို့၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ မှုဆိုင်ရာဥပဒေ လိုက်နာဖို့နဲ့ အရပ်သားတွေကို ကာကွယ်ပေးဖို့ ဗီယက်နမ်နိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းအား လုံးကို မေတ္တာရပ်ခံတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုတွေ၊ အထူးကိုယ်စားလှယ်တွေ ကြား ပူးပေါင်းဆောင်ရွက်မှုတွေ၊ အာဆီယံ ဘေးအန္တရာယ် စီမံခန့်ခွဲရေးစင်တာ (AHA Centre) နဲ့ ကုလသမဂ္ဂ အ ဖွဲ့အစည်းတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ချီးကျူးတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာ၊ လွတ်လပ်ရေးနဲ့ ပိုင်နက်နယ်မြေပိုင်ဆိုင်မှုကို လေးစားသမှုထားပြီး အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို ကူညီဖို့နဲ့ ဆွေးနွေးမှုတွေ၊ ပြန်လည်ရင်ကြားစေ့ရေး မြှင့်တင်ဖို့ ဗီယက်နမ်နိုင်ငံ က နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုတယ်လို့ သူက ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်ပြဿနာ ဖြစ်ပွားရတဲ့အကြောင်းရင်း ဖြေရှင်းကြဖို့၊ ရိုဟင်ဂျာတွေ ဆန္ဒအလျောက် ဘေးအန္တရာယ်ကင်းစွာ နေရပ်ပြန်နိုင်ရေး သင့်တော်တဲ့ပတ်ဝန်းကျင် ဖန်တီးဖို့ ပိုမို ကြိုးပမ်းကြဖို့ ဗီယက်နမ်နိုင်ငံက တောင်းဆိုပါတယ်။

ကိုးကား – Vietnam Plus
Ref; Vietnam pledges to closely cooperate with ASEAN, UN in supporting Myanmar
#Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…